DVB Logo
Home
မြန်မာသတင်း
လက်ရည်တူပေမယ့် Performance ကြောင့် တဆင့်တက်ခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင် ညိုမီမီထွန်း(ရုပ်သံ)
DVB
·
May 6, 2019
လက်ရည်တူပေမယ့် Performance ကြောင့် တဆင့်တက်ခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင် ညိုမီမီထွန်း(ရုပ်သံ)
Donate to DVB

“ဂျူဒီ အသဲခွဲတဲ့ ဂျူဒီ… ရက်စက်တာများပြီး လုပ်ရက်တယ်… နင်လိုလူမျိုး နှစ် ယောက်မရှိတယ်”

ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီးတေးသံရှင် သာဒီးလူရဲ့ သီ ချင်းတပုဒ်ဖြစ်တဲ့ ဂျူဒီသီချင်းထဲက စာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

ဒီတခါမှာတော့ ဒီသီချင်းကို The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ စင်မြင့်ထက်မှာ ပုံစံတမျိုးနဲ့ မိန်းကလေး ၂ ယောက်အပြိုင်ကြဲသီဆိုဟန် ရှုစားကြရမှာ ဖြစ်ပါတယ်။

“ဂျူဒီ မင်းအတွက်နဲ့ ဂျူဒီ… အိပ်ပျက်တာများပြီး တွေးရခက် အဖြေမပေါ်တဲ့ ဒဿ နရယ်… ကံကိုယုံပြီးတော့ငါ ဆူးပုံနင်းလိုက်တယ်… ဖွတ်ထွက်မှတောင်ပို့မှန်း သိလေတယ်”

Battle Round အနေနဲ့ နောက်ဆုံးသီတင်းပတ်အဖြစ် ယှဉ်ပြိုင်စေခဲ့တဲ့ ပြိုင်ပွဲဝင် ကြယ်စင်နဲ့ ညိုမီမီထွန်းတို့ဟာ Coach ကျားပေါက်ရဲ့ အဖွဲ့ထဲက ဖြစ်ကြပြီး အသံပါဝါ အားကောင်းကောင်းနဲ့ သီဆိုတတ်သူတွေ ဖြစ်တာမို့ သီချင်းနဲ့ လိုက်ဖက်မှုရှိနေခဲ့တာကို တွေ့ရပါတယ်။

အသက် ၁၉ နှစ်အရွယ် ညိုမီမီထွန်းဟာ Blind Audition မှာ အဆိုတော် ဆုန်သင်းပါရ်ရဲ့ အမြဲတမ်းမင်းရှိတယ်သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပြီး Coach ၄ ယောက်စလုံး ဆီက ကြိုက်နှစ်သက်မှုတွေနဲ့အတူ နောက်တဆင့် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကြယ်စင်ကတော့ တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ အချစ်တဲ့လား သီချင်းနဲ့ Blind Audition မှာ အစွမ်းပြယှဉ်ပြိုင်ခဲ့ပြီး Coach ၂ ယောက်ဖြစ်တဲ့ ကျားပေါက်နဲ့ ရန်ရန်ချန်းတို့ရဲ့ ကြိုက်နှစ်သက်မှုနဲ့ နောက်တဆင့် တက်ရောက်နိုင်ခဲ့တာ ပါတယ်။

“ပဋာမြေလူးတဲ့ အဖြစ်ကို ပြေးမြင်ယောင်မိတယ်… တခါခါ ဇီဝိန်ချုပ်သွားနိုင်တယ် ဂျူဒီ ဂျူဒီ ဂျူဒီ… ဂျူဒီ ဂျူဒီ ဂျူဒီ… ကွယ်ရာငါ အသဲကွဲပြီ… ဂျူဒီ ဂျူဒီ ဂျူဒီ… ဂျူဒီ ဂျူဒီ ဂျူဒီ… ကံကို ယုံခဲ့မိလေတယ်”

Battle Round အဖြစ် သူတို့ ၂ ယောက်ရဲ့ ဂျူဒီသီချင်းနဲ့ သီဆိုယှဉ်ပြိုင်မှုဟာ တ ပုဒ်လုံးပြီးသွားတဲ့ထိ ပရိသတ်တွေကိုရော Coach တွေကိုပါ ဆွဲဆောင်ထားနိုင်ခဲ့ပြီး သေ သပ်လှပနေခဲ့တာကို တွေ့ရပါတယ်။

သီချင်းအပြီး မှတ်ချက်တွေ ပေးကြချိန်မှာတော့ Coach ၂ ယောက်ဖြစ်ကြတဲ့ တေးသံရှင် ရန်ရန်ချန်းနဲ့ နီနီခင်ဇော်တို့က ကြယ်စင်ဟာ ဒီသီချင်းနဲ့ လိုက်ဖက်လို့ ပိုသ ဘောကျတယ်လို့ ပြောခဲ့ကြတာပါ။

ဝါရင့်အဆိုတော် တေးသံရှင် R. ဇာနည်ကတော့ “သီချင်းကတော့ တကယ်တမ်း ကျတော့ ၂ ယောက်စလုံးနဲ့ အသံလည်း သိပ်ပြီးတော့ မကွာဘူး။ ကောင်းတယ်လို့ပဲ ပြောရမှာပေါ့နော်။ ဒါပေမယ့် အစ်ကို့အနေနဲ့ Performance ပိုင်းမှာ ညိုမီက ပိုပြီးတော့ Hot နေတယ်။ မိုက်နေတယ်။ ဘာမှမကွာတဲ့ထဲမှာ Performance ကွာတဲ့အတွက် ညိုမီ့ ကို ရွေးမှာပေါ့နော်”လို့ မှတ်ချက်ပေးခဲ့တာပါ။

နောက်ဆုံး သူတို့ ၂ ယောက်လုံးရဲ့ Coach ဖြစ်တဲ့ ကျားပေါက်က ရွေးချယ်ချိန်မှာတော့ ညိုမီမီထွန်းကို ရွေးချယ်ခဲ့တာကို တွေ့ရပြီး ကြယ်စင်ကတော့ ပြိုင်ပွဲက နှုတ်ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013