DVB Logo
Home
မြန်မာသတင်း
တောင်ဇင်းတိုက်နယ်တွင် ထောင့်သန်းရောဂါ သံသယရှိသူ ၇ ဦး တွေ့ရှိ
DVB
·
May 6, 2019
တောင်ဇင်းတိုက်နယ်တွင် ထောင့်သန်းရောဂါ သံသယရှိသူ ၇ ဦး တွေ့ရှိ
1 / 4
Donate to DVB

ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ် ဆေးရုံမှာ ထောင့်သန်းရောဂါ သံသယရှိသူ ၇ ဦး တွေ့ရှိထားတယ်လို့ တိုက်နယ်ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာခင်မြင့်မြင့်စံက ပြောပါတယ်။

အဆိုပါရောဂါကို ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ် ချောင်းဝအုပ်စု ငါ့လင်းပုတ် ကျေးရွာမှာ ဧပြီ ၂၇ ရက်နေ့က ဦးမင်းဆွေ နေအိမ်အနီး သေဆုံးသွားတဲ့ နွားတကောင်ကို ဖျက်ပြီး ကိုင်တွယ်စားသောက်ကြရာက ကိုင်တွယ်ထိတွေ့သူတွေမှာ တွေ့ရှိရတာလို့ ဆိုပါတယ်။

“အပြင်မှာ ဖွင့်ထားတဲ့ ဆေးခန်းကို ၃ ရက်နေ့မှာ အခုဆေးရုံတင်ထားတဲ့ ဦးမင်းဆွေ လာပြတာ၊ အဲဒီနေ့ကတော့ သေသေချာချာ တိတိကျကျ မသိသေးဘူး။ သူက ဘိလပ်မြေ ကျောက်လောင်းအလုပ်တွေ လုပ်တာဆိုတော့ နောက်နေ့ မနက်ကြတော့မှ သူ့လို အနာမျိုးရှိတဲ့ နောက်နှစ်ဦး လာပြတာတွေ့မှ နွားသားစားမိလား မေးကြည့်တော့ (ANTHRAX) ရောဂါလို့ သံသယရှိလို့ အရင်အပတ် စနေနေ့လောက်က ကိုမင်းဆွေက နွားဖျက်တယ်၊ သူတို့တွေက ကိုင်တွယ်ကြတယ်ဆိုတာ သိရတယ်” လို့ ဒေါက်တာ ခင်မြင့်မြင့်စံက ပြောပါတယ်။

ရောဂါဖြစ်သူ ၇ ဦးအနက် တဦးသာ တိုက်နယ်ဆေးရုံမှာ အနီးကပ် ဆေးကုသမှုခံယူနေပြီး ကျန် ၆ ဦးမှာ ပြင်ပလူနာအနေနဲ့ ကုသပေးထားပါတယ်။

ထိတွေ့ကူးဆက်တတ်တဲ့ ရောဂါဖြစ်လို့ သိသိချင်း သမားတော်တွေ အကြောင်းကြားပြီး ကျန်မာရေးနဲ့ ကုသရေးဌာန၊ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနတွေနဲ့ ပူပေါင်းကာ ဒေသအနီးတ၀ိုက်က ပြည်သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျွဲနွားတွေကို ကာကွယ်ဆေး တိုက်ကျွေးနေတယ်လို့ သိရပါတယ်။

ညောင်ဦးခရိုင် ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာမြင့်သိန်းက “ထောင့်သန်းရောဂါလို့ သံသယရှိသူတွေရဲ့ အသားစကို ရောဂါဗေဒဆရာဝန် ဒေါက်တာဇော်မိုးကတဆင့် ရန်ကုန် အမျိုးသားဓာတ်ခွဲဌာနကို ပေးပို့ထားပြီးတော့ ဒီရောဂါအတွက် ကုထုံးလည်း ရှိပြီးသား၊ ဆေးတွေလည်းရှိပြီးသား၊ လိုအပ်တာရှိရင်လည်း ပံ့ပိုးမှာ။ တိုက်နယ်ဆေးရုံမှာလည်း လုံလုံလောက်လောက် ရှိပြီးသားဖြစ်လို့ ဟုတ်တယ်ဆိုရင်တောင် အရမ်းစိုးရိမ်စရာ မလိုပါဘူး” လို့ ပြောပါတယ်။

ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013