DVB Logo
Home
မြန်မာသတင်း
မေလတွင် မုန်တိုင်းတကြိမ်ဖြစ်နိုင်၊ မုတ်သုန်လေ မေ ၁၈ ရက် ၀င်မည်မှန်း
DVB
·
May 6, 2019
မေလတွင် မုန်တိုင်းတကြိမ်ဖြစ်နိုင်၊ မုတ်သုန်လေ မေ ၁၈ ရက် ၀င်မည်မှန်း
Donate to DVB

မေလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၁ ကြိမ်မှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။

မိုးလေ၀သဌာနရဲ့ မေလ လပတ်အတွက် ခန့်မှန်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပြီး အနောက်တောင်မုတ်သုန်လေဟာ မေလ ၁၈ ရက်လောက်ကျမှ မြန်မာနိုင်ငံ တောင်ပိုင်းဒေသ များကနေ စတင်ဝင်ရောက်နိုင်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အနောက်တောင်မုတ်သုံလေဟာ မေလ ၁၈ ရက်ကနေ ၂၃ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၊၊ မေလ ၂၄ ရက်ကနေ ၂၈ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊၊ မေလ ၂၉ ရက်ကနေ ဇွန်လ ၃ ရက်နေ့အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများကို  အသီးသီး ၀င်ရောက်နိုင်ပါတယ်။

မေလထဲ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ  မိုး ရွာသွန်းမြဲထက်ပိုနိုင်တယ်။ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်တယ်။

စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ မိုး ရွာသွန်းမြဲခန့် ရွာနိုင်တယ်လို့လည်း မိုးလေ၀သဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၁.၅ ဒီဂရီစင်တီဂရိတ်နှင့်အထက် အပူတိုးနိုင်တဲ့ တိုင်းတွေကတော့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ မေလပုံမှန်အပူချိန်ထက် ပိုနိုင်ပါတယ်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့  ချင်းပြည်နယ်တို့မှာတော့ မေလ ပုံမှန်အပူချိန်ခန့်ပဲ ရှိနိုင်ပါတယ်။

မုတ်သုန်လေဟာ မနှစ်ကလည်း မြန်မာနိုင်ငံကို မေလ ၁၆ ရက်မှာ စတင်ဝင်ရောက်ခဲ့ပြီး မုတ်သုန်လေ၀င်ရောက်ရက်တွေ ကွာခြားမှု သိပ်မရှိတော့တာ တွေ့မြင်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013