DVB Logo
Home
မြန်မာသတင်း
အာဆီယံနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမား မြန်မာအများဆုံးဖြစ်
DVB
·
May 6, 2019
အာဆီယံနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမား မြန်မာအများဆုံးဖြစ်
Donate to DVB

အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ နိုင်ငံခြားကို သွားရောက်အလုပ်လုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားအများဆုံးဖြစ်တယ်လို့ အာဆီယံရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာ ရွှေ့ပြောင်းအလုပ်သမား ၆ ဒသမ ၉ သန်းရှိပြီး မြန်မာက ၂၂ သိန်းရှိနေတာပါ။ ဒုတိယအများဆုံးကတော့ ၁၂ သိန်းနဲ့ အင်ဒိုနီးရှားဖြစ်ပြီး သူ့နောက်မှာ မလေးရှားက ၁၀ သိန်း၊ လာအိုက ၉ သိန်း၊ ကမ္ဘောဒီးယားက ၈ သိန်း ရှိနေပါတယ်။

ဖိလစ်ပိုင်နိုင်ငံကလည်း အိမ်အကူအများအပြား နိုင်ငံရပ်ခြားမှာသွားရောက် အလုပ်လုပ်ကိုင် ကြတာရှိပေမယ့် အာဆီယံထုတ်ပြန်တဲ့ စာရင်းမှာတော့ ဖော်ပြထားခြင်း မရှိပါဘူး။

နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဖိလစ်ပိုင်အလုပ်သမား အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်မှာ ခန့်မှန်းချေ ၂ဒသမ၃ သန်းလောက်ရှိမယ်လို့  ဖိလစ်ပိုင် အစိုးရတရားဝင် ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးပြောင်းရွှေ့လုပ်ကိုင်ကြတာကတော့ ထိုင်းနိုင်ငံ၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့ ဖြစ်တယ်လို့လည်း အာဆီယံလူမှုကွန်ရက်က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံက အလုပ်သမားပေါင်း ၂၀၀၀၀ ဝန်းကျင်လောက်ဟာ လစဉ် နိုင်ငံခြားကို တရားဝင်သွားရောက်လုပ်ကိုင်နေကြပြီး အများဆုံးကတော့ ထိုင်းနဲ့ မလေးရှားတို့ကို သွားရောက်တာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013