DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်အစိုးရ၊ အန်အာပီစီနှင့် ကေအန်ပီပီ ဆွေးနွေး
DVB
·
May 6, 2019
ကယားပြည်နယ်အစိုးရ၊ အန်အာပီစီနှင့် ကေအန်ပီပီ ဆွေးနွေး
1 / 6
Donate to DVB

ကယားပြည်နယ်အစိုးရ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ)နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ ဒီကနေ့ လွိုင်ကော်မြို့ Famous ဟိုတယ်မှာ  တွေ့ဆုံဆွေးနွေးနေကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ အဓိကအားဖြင့် အချက် ၃ ချက် ဆွေးနွေးမယ်လို့ ကေအန်ပီပီ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ကော်မီတီ ပြောခွင့်ရ နဲနယ်ပလိုးက ပြောပါတယ်။

“ကျနော်တို့ ပြည်နယ်အဆင့်၊ ပြည်နယ်အစိုးရနဲ့ လစဉ်ပုံမှန်အစည်းအဝေး မလုပ်ဖြစ်တာ တော်တော်ကြာသွားပြီဆိုတော့ အဲဒီအစည်းအဝေးကို ပုံမှန်ကျင်းပနိုင်ဖို့၊ ပြန်ကျင်းပတဲ့အခါမှာ လည်း ပုံစံနည်းနည်းလေး ကျသွားအောင်ပေါ့နော်။ ပုံစံလေးတွေကို ပြောင်းချင်တယ်။ အဲဒါကိုတွေကိုလည်း ဆွေးနွေးမယ်။  အဲဒီကိစ္စအပြင် ဒီနေ့ ကျနော်တို့ ဆွေးနွေးဖို့ သုံးခုရှိပါတယ်။ အဲဒါကတော့ ဒေသဖွံ့ဖြိုးရေးကိစ္စမှာ တွဲလုပ်လို့ရတဲ့ဟာတွေ ဆွေးနွေးဖို့ ရှိတယ်။ ပြီးတော့ ပညာရေးနဲ့ ကျန်းမာရေးဂဏ္ဍမှာ နှစ်ဖက် သဘောတူစာချုပ်ကို အကောင်အထည်ဖော်ပြီးတော့ လုပ်နေတဲ့အလုပ်တချို့က တစ်ဆို့မှုတွေရှိနေတယ်လေ။ အဲဒါတွေကိုလည်း ဆွေးနွေးဖို့ ရှိတာပေါ့။”

ကေအန်ပီပီနဲ့ ပြည်နယ်အစိုးရအကြား ပုံမှန် တလတကြိမ်တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာလအထိ ၆ ကြိမ် ဆွေးနွေးခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလကစပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ လစဉ်တွေ့ မတွေ့ဆုံနိုင်ဘဲ ရပ်တန့်နေတာပါ။

အခုတကြိမ် တွေ့ဆုံမှုတွေ ပြေလည်မှု ရရှိမယ်လို့ မျှော်မှန်းထားကြောင်း နှစ်ဖက်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ကေအန်ပီပီဟာ အစိုးရနဲ့  ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၂၀၁၂ ဇွန် ၉ ရက်မှာ တကြိမ်၊ ၂၀၁၃ ဇွန် ၂၀ ရက်က တကြိမ် လက်မှတ်ရေးထိုးခဲ့ပြီး အပစ်ရပ်ကာလ ၇ နှစ် ကျော်ပြီဖြစ်ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ထိုးနိုင်ရေး လည်း ဆွေးနွေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013