DVB Logo
Home
မြန်မာသတင်း
မန္တလေး အလုပ်အကိုင်ပြပွဲတွင် အလုပ်နေရာပေါင်း ၅၀၀ ကျော် ခေါ်ယူ
DVB
·
May 6, 2019
မန္တလေး အလုပ်အကိုင်ပြပွဲတွင် အလုပ်နေရာပေါင်း ၅၀၀ ကျော် ခေါ်ယူ
1 / 5
Donate to DVB

မန္တလေးမြို့၊ ဘူတာကြီးအပေါ်ထပ် Marvel ဟိုတယ်မှာ MyJobs.com အလုပ်အကိုင် ရှာဖွေရေးဝက်ဘ်ဆိုက်က ကြီးမှူးပြီး မေ ၅ ရက် မနက်က Mandalay Digital CV Job Fair ကို ကျင်းပခဲ့ပါတယ်။

ဒီအလုပ်အကိုင်ပြပွဲမှာ မြန်မာနိုင်ငံတ၀န်းရှိ ကုမ္ပဏီ ၂၀ကျော်က အလုပ်နေရာပေါင်း ၅၀၀ ကျော်ကို ခေါ်ယူနိုင်ခဲ့တယ်လို့  MyJobs.com.mm ရဲ့ ဈေးကွက်ရှာဖွေရေးနဲ့ပွဲကျင်းပရေး တာဝန်ခံ ကိုခန့်က ပြောပါတယ်။

“ဒီလို Job Fair တွေ လုပ်ခြင်းအားဖြင့် အလုပ်ရှာဖွေနေသူတွေကို သူတို့ရဲ့ CV တွေကို ဘယ်လိုမျိုး အွန်လိုင်းမှ တင်သွင်းရမယ်။ Digital CV ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို အသိပညာတွေပေးလို့ရမယ်။ အလုပ်ခေါ်နေတဲ့ ကုမ္ပဏီတွေနဲ့လည်း အလုပ်ရှာဖွေနေသူတွေ တိုက်ရိုက် တွေ့ဆုံလို့ ရမယ်။ အင်တာဗျူးတွေ တိုက်ရိုက်ဖြစ်သွားနိုင်တယ်။ ကိုယ်လိုအပ်ချင်တဲ့ အခွင့်အလမ်းတွေကို ဘယ်လိုရယူရမယ်ဆိုတာကို အလုပ်ရှာဖွေနေသူတွေအနေနဲ့ အလုပ်ရှင် တွေကို တိုက်ရိုက်မေးနိုင်တဲ့ အခွင့်အလမ်းတွေ ရစေချင်လို့ ဒီပွဲကို လုပ်ရတာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒီပြပွဲမှာ အလုပ်လာရောက်လျှောက်ထားသူတွေ အလုပ်လျှောက်ထားရာမှာ လွယ်ကူ အဆင်ပြေစေဖို့ QR Code System နဲ့ အွန်လိုင်းကနေတဆင့်ပါ တိုက်ရိုက် အလုပ်လျှောက်ထားနိုင်အောင် စီစဉ်ပေးထားပါတယ်။

Mandalay Digital CV Job Fair ပြပွဲမှာ အလုပ်အကိုင် ခေါ်ယူမှုအပြင်   Sustainable and Successful Career၊ Education for Career Enhancement၊ Career for Future Myanmar၊ စေတနာနဲ့ အတွေ့အကြုံသာ အောင်မြင်ဖို့အတွက် လမ်းစဉ်ပါ စတဲ့ ခေါင်းစဉ်တွေကို ဟောပြောဆွေးနွေးခဲ့ပါတယ်။

သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013