DVB Logo
Home
မြန်မာသတင်း
DMG သတင်းဌာနအယ်ဒီတာချုပ်ကိုအမှုဖွင့်၊ တာဝန်ခံများကို စစ်တွေရဲစခန်းက ခေါ်ယူစစ်ဆေး
DVB
·
May 6, 2019
DMG သတင်းဌာနအယ်ဒီတာချုပ်ကိုအမှုဖွင့်၊ တာဝန်ခံများကို စစ်တွေရဲစခန်းက ခေါ်ယူစစ်ဆေး
Donate to DVB

ရခိုင်အခြေစိုက်Development Media Group (DMG) သတင်းဌာနရဲ့ အယ်ဒီတာချုပ်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၂)နဲ့ အမှုဖွင့်ထားပြီး အယ်ဒီတာချုပ် ခရီးလွန်နေတဲ့အတွက် သတင်းဌာနရဲ့ တာဝန်ရှိသူတွေကို စစ်တွေရဲစခန်းက ခေါ်ယူစစ်ဆေး ပါတယ်။

အရပ်ဝတ်နဲ့ ရဲ ၃ဦးအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စစ်တွေ အမှတ် ၁ ရဲစခန်းက စစ်ဆေးမေးမြန်းစရာရှိတယ်လို့ဆိုပြီး မေလ ၅ ရက် ညပိုင်းက လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။

အဲ့ဒီလို လာရောက်ခေါ်ခဲ့ပြီးနောက် DMG က တာဝန်ရှိသူတွေကတော့ စစ်တွေ အမှတ် ၁ ရဲစခန်းကို ညနေပိုင်းမှာ သွားရောက်စစ်ဆေးခံခဲ့ပါတယ်။

သွားရောက်စစ်ဆေးခံခဲ့ရတဲ့ DMG အယ်ဒီတာဦးနေဝင်းစံက“ကျနော်တို့ သတင်းဌာနက အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို အမှုဖွင့်ထားတယ်လို့ ပြောတယ်။ အဲ့ဒါက ပုဒ်မ ၁၇ (၂)နဲ့ ဖွင့်ထားတယ်လို့ပြောတယ်။ ရခိုင်ပြည်နယ် သတင်းတပ်ဖွဲ့က ဒီလ ၁ ရက်နေ့ကလာပြီး အမှုဖွင့် ထားတယ်လို့ပြောတယ်။ အဲ့ဒါကြောင့်ကျနော်တို့ကိုခေါ်ပြီးတော့ စစ်ဆေးတယ်”လို့ပြောပါတယ်။

အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို ဘယ်လိုပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာ သတင်းထောက်တွေက မေးမြန်းရာမှာ အမှတ် ၁ ရဲစခန်းမှူးက သတင်းထောက်တွေကို တိတိကျကျ ပြောဆိုခဲ့တာမရှိခဲ့ပါဘူး။

စခန်းမှူးက “စစ်တာတွေကို ဘာမှပြောလို့မရသေးဘူး။  အက်စ်ဘီက ကျနော်တို့ကိုလာ တိုင်တာ၊ မနက်ဖြန်မှ ကျနော်တို့ကိုလာမေးပါ။ ကျနော်ဒီနေ့မေးတာက ဒီသတင်းဌာနက လုပ်တာက ဘယ်လောက်ကြာပြီလဲဆိုတာ မေးတယ်။ ဒီလောက်နဲ့ပဲ ကျနော်ပြီးသွားတယ်”လို့ပြောပါတယ်။

ရဲစခန်းမှာခေါ်ယူစစ်ဆေးရာမှာ DMGသတင်းဌာနရဲ့ သတင်းတင်ဆက်ပုံတွေအပါအဝင် သတင်းတာဝန်ခံတွေ၊ သတင်းတင်ဆက်ပုံတွေ ပြောဆိုရှင်းလင်းခဲ့ရတယ်လို့ အယ်ဒီတာ နေဝင်းစံကပြောပါတယ်။

“ကျနော်တို့ကို ခေါ်ယူစစ်တာက ဘာကြောင့်လဲမေးတော့ အယ်ဒီတာချုပ်ကို အမှုဖွင့် ထားတယ်လို့ပြောတယ်။ ဘာကြောင့် အမှုဖွင့်တယ် ဆိုတာကတော့ သူတို့ တိတိကျကျ ပြောတာ မရှိဘူး။ သတင်းတင်တဲ့အတွက်လိုလို၊ နောက်ပြီးတော့ဂျာနယ်ထုတ်ဝေခွင့် မရှိတဲ့ ပုံစံမျိုးလိုလို စစ်ဆေးတာရှိတယ်။” လို့ပြောပါတယ်။

ဒီကနေ့မနက်ကလည်း DMG သတင်းထောက် ကိုသက်နိုင်ကို စစ်တွေ ရဲစခန်းက ခေါ်ယူ စစ်ဆေးနေပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013