DVB Logo
Home
မြန်မာသတင်း
မူးယစ်မှုဖြင့် သိမ်းထားသည့်ကား​နောက်​ခန်းမှ က​လေးငယ်​ ၂ ​ဦးအလောင်း​တွေ့ရှိ
DVB
·
May 5, 2019
မူးယစ်မှုဖြင့် သိမ်းထားသည့်ကား​နောက်​ခန်းမှ က​လေးငယ်​ ၂ ​ဦးအလောင်း​တွေ့ရှိ
Donate to DVB

ပဲခူးတိုင်း​ဒေသကြီး ​တောင်​ငူမြို့ အမှတ် (၂) နယ်​​မြေရဲစခန်း​ရှေ့မှာ  မူးယစ်မှုနဲ့ သိမ်းဆည်းထားတဲ့ ကားတ​စီးရဲ့​နောက်​ခန်းအတွင်းက ပုပ်​ပွ​သေဆုံး​နေ​တဲ့ မိန်းကလေးငယ်​ ၂ ​ဦးရဲ့ အ​လောင်းကို ဒီ​နေ့ မနက်​ပိုင်းက ​တွေ့ရှိပါတယ်​။

“ကျနော်​က အလုပ်​သမား​လေး​တွေကို​ စခန်း​ရှေ့မှာ​မြောင်း​​တွေ​ ဖော်​​ခိုင်းထားတာ၊ သူတို့​လေး​တွေ​ မြောင်း​ဖော်​​နေရင်းက အဲ့အ​လောင်း​တွေ့တဲ့ ကားနားအ​ရောက်​မှာ အပုပ်​နံ့ အရမ်းနံ​နေလို့ ဆက်​မ​ဖော်နိုင်​ဘဲ ကျနော့်ကို လာ​ပြောတယ်။ ကျနော်​လိုက်​လာပြီး ကြည့်​တော့ ဟုတ်​တယ်​ဗျ၊ အနံ့ကလည်း မခံနိုင်​​အောင် ထွက်​​နေတာ၊ အဲ့ကား​ထဲကလည်း ယင်​​ကောင်​​တွေ ထွက်​လာတာ​တွေ့​တော့ စခန်းထဲကတာဝန်​မှူး ဒုရဲအုပ်​ယု​မောင်​​မောင်​ကို သွားအ​ကြောင်းကြား ပြီးကြည့်တော့မှ​ သေဆုံး​နေတဲ့ အ​လောင်းနှစ်​​လောင်းကို​ တွေ့ရတာ” လို့ အ​လောင်းတွေ တွေ့ရှိတဲ့ (၁၅) ရပ်​ကွက် ​အုပ်​ချုပ်​​ရေးမှူး ဦးဝမ်​ကျင်​က ​ပြောပါတယ်​။

သေဆုံး​နေတဲ့ အ​လောင်းနှစ်​​လောင်းမှာ ​အသက်​ ၅ နှစ်​နဲ့ ၆ နှစ်လောက်ရှိ မိန်းက​လေးငယ်​ နှစ်​ဦးဖြစ်​ပြီး​ ပြင်​ပဒဏ်​ရာတစုံတရာမ​တွေ့ရှိရဘဲ အနီးအနားမှာ​လည်း ​အော့အန်​ထားတာကို ​တွေ့ရ​ကြောင်း၊ ကား​နောက်​ခန်းအတွင်း အ​သက်​ရှူမွန်းကြပ်​ပြီး​ သေဆုံးသွားတာ ဖြစ်​နိုင်​တယ်​လို့ ယူဆရ​ကြောင်း ရဲမှတ်​တမ်း​တွေအရ သိရပါတယ်​။

“ကျနော်​သမီးက ၂ ရက်​​နေ့ထဲက​ ပျောက်​​နေတာ၊ ဒီ​နေ့ မနက်​မှ သူနဲ့အတူ သွားလာ​နေတဲ့ သူ့သူငယ်​ချင်းရဲ့အ​မေက လာ​ပြော​တော့မှ​ သေဆုံး​နေမှန်းသိရတာ၊ သူနဲ့အတူ​ သေဆုံး​နေတာက မင်းကြီးညို ရုပ်​တုမှာ​နေတဲ့ ကို​အေးသိန်းရဲ့သမီး မအိဖြူဝင်း​ဖြစ်​တယ်​” လို့ ​သေဆုံးသူ မယမင်းစိုး ရဲ့ဖခင်​ဖြစ်​သူ ကိုဝင်းနိုင်​က ​ပြောပါတယ်​။

အခုလို မိန်းကလေးငယ်​နှစ်​ဦး သေဆုံးတာနဲ့ပတ်​သက်​ပြီး ဓမ္မတာအတိုင်း​သေဆုံးတာ ဟုတ်​မဟုတ်​ စုံစမ်းစစ်​​ဆေးနိုင်​ဖို့ ​အမှတ်​ ၂ နယ်​​မြေရဲစခန်းမှ ​သေမှု​သေခင်းအမှတ်​စဉ် ​(၆/၂၀၁၉) ဖွင့်​လှစ်​ထားရှိပြီး ရင်​ခွဲစစ်​​ဆေးနိုင်ဖို့ ​​တောင်​ငူ​ဆေးရုံကြီး ပို့​ဆောင်​ထားတယ်လို့လည်း သိရပါတယ်​။

သတင်း၊ ဓာတ်​ပုံ - သားကြီး(​တောင်​ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013