DVB Logo
Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်တွင် ပြေးဆွဲနေသည့် ရေယာဉ်အချို့ ရပ်နားထား
DVB
·
May 4, 2019
ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်တွင် ပြေးဆွဲနေသည့် ရေယာဉ်အချို့ ရပ်နားထား
Donate to DVB

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့ အရှိန်ကြောင့် ရာသီဥတု အခြေအနေဆိုးရွားနေတာကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ပြေးဆွဲနေတဲ့ အစိုးရရေကြောင်းလိုင်း ဂစ္ဆပနီအမြန်ယာဉ်အပါအဝင် ရေယာဉ်အချို့ကို ရပ်နားဖို့ ညွှန်ကြားထားတယ်လို့ ရခိုင်ပြည်နယ် ရေကြောင်းပို့ဆောင်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ရာသီဥတု စတင်ဆိုးရွားမှုဖြစ်တဲ့ မေလ ၃ ရက်နေ့ကစပြီး မေလ ၇ ရက်နေ့လောက်အထိ ခရီးစဉ်တွေ ရပ်နားထားဖွယ်ရှိကြောင်း ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန ရခိုင်ပြည်နယ် ဦးစီးမှူး ဦးထင်ကျော်က ဒီဗွီဘီကိုပြောပါတယ်။

ဦးထင်ကျော်က “လောလောစဉ်မှာ ရာသီဥတုက မိုးရွာလိုက်၊ လေတိုက်လိုက် ဖြစ်နေတာ။ ကျနော်တို့ တရင်းသိရတာက အမြန်ယာဉ်တို့ ဘာတို့ ခရီးစဉ်တွေရပ်ထားတာက ဒီနေ့နဲ့ မနက်ဖြန်လောက်ရာသီ ဥတုဆိုးနေတော့ ရပ်ထားတယ်။ တနင်္လာ၊ အင်္ဂါလောက် ရာသီဥတုကောင်းရင်တော့ ထွက်ဖြစ်မယ်ထင်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရ အမြန်ရေယာဉ် ကစ္ဆပနဒီ၊ ပုဂ္ဂလိက ယာဉ်လိုင်းတွေဖြစ်တဲ့ ရွှေပြည်တန်၊ မလိခနဲ့ ရွှေနဒီစတဲ့ သင်္ဘောတွေ ပြေးဆွဲနေတာပါ။

အခုလို ရာသီဥတု ဆိုးရွားနေတာကြောင့် ရွှေပြည်တန်အမြန်ရေယာဉ်အနေနဲ့လည်း ပေါက်တောနဲ့ မြောက်ဦးတို့လို စစ်တွေနဲ့ မဝေးတဲ့ ခရီးစဉ်တွေကို ပြေးဆွဲနေပေမယ့် တောင်ကုတ်နဲ့ ကျောက်ဖြူတို့လို ဝေးလံတဲ့ ခရီးစဉ်တွေကို ရပ်နားထားရတယ်လို့ ဆိုပါတယ်။

ရွှေပြည်တန် အမြန်ရေယာဉ်မန်နေဂျာ ဦးစံမော်သိန်းက “အဓိကကတော့ အခုလိုမျိုးရာသီဥတုမကောင်းလို့ ခရီးစဉ်မပြေဆွဲတာကတော့ ဒီအပေါ်မှာ ခရီးသည်တွေအနေနဲ့ နားလည်ပေးကြပါ။ ဘာပဲပြောပြော ဒါဟာလုံခြုံမှုရှိအောင် အန္တရာယ်မဖြစ်အောင် ရပ်နားထားတဲ့ သဘောပါ။ ရာသီဥတုဆိုတာ ပြုပြင်လို့ မရတဲ့အတွက် ကြောင့် ကိုယ်ကပဲ ရှောင်တိမ်းရမှာ ဖြစ်တဲ့အတွက်ကြောင့် နားလည်ပေးကြပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ခရီးစဉ်တွေ ရပ်နားထားရတာကြောင့် ခရီးသည်တွေတင် မကဘဲ အမြန်ယာဉ်ပြေးဆွဲနေသူတွေအဖို့လည်း နစ်နာတယ်လို့ ဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့ အခြေအနေဟာ အိန္ဒိယနိုင်ငံနဲ့ အနောက်င်္ဘလား ပြည်နယ်တွေကို ဝင်ရောက်ခဲ့ပြီး နောက်ထပ်ဖြစ်ပေါ်လာနိုင်ခြေရှိ ကြောင်း ကြေညာထားပါတယ်။

အဲဒီအခြေအနေကြောင့် ရခိုင်ကမ်းရိုးတန်းဒေသအပါအဝင် မြန်မာနိုင်ငံထဲက ဒေသတချို့မှာ မိုးကြီးမှု၊ လှိုင်းကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလဌာနက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013