DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ကျောက်နီမော် ပဋိပက္ခတွင် ၁ ဦးသေဆုံး
DVB
·
October 31, 2012
Donate to DVB

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စုရုံးရောက်ရှိနေတဲ့ ရခိုင် တိုင်းရင်းသားတွေကို အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်နိမ်နင်းရာမှာ လူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာသွားတယ်လို့ ရခိုင်ပြည်နယ် ပြန်ကြားရေးအဖွဲ့က အတည်ပြု ပြောကြားလိုက်ပါတယ်။

မနေ့က ကျောက်နီမော်ကျေးရွာဘက်ကို စုရုံးရောက်ရှိလာတဲ့ ထောင်နဲ့ချီတဲ့ ရခိုင် တိုင်းရင်းသားတွေကို ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လူစုခွဲရာမှာ သေဆုံးဒဏ်ရာရခဲ့တာလို့ ရခိုင်ပြည်နယ် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ပြောပါတယ်။

“၁ ယောက်သေပြီး အသက် ၅၀ ကျော် ယောက်ျားတယောက် ဒဏ်ရာရပါတယ်။ မနက် ၇ နာရီခွဲလောက်မှာ ရဲကသူ့တို့ရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း ပထမ လူစုခွဲဖို့ အသံချဲ့စက်နဲ့အော်တယ်၊ မရလို့ မိုးပေါ်ထောင်ဖောက်တယ်၊ မရလို့ ပစ်တယ်လို့တော့ ပြောတာပဲ။ ဒါကမမျှော်လင့်ဘဲဖြစ်တာ။ လပြည့်နေ့ဆိုတော့ မဖြစ်နိုင်လောက်ဘူး တွက်ထားတာလေ။”

ရခိုင်တိုင်းရင်းသားတွေဟာ ကျောက်နီမော်ရွာဘက်ကို ဘာကြောင့်စုရုံးသွားသလဲ ဆိုတာတော့ မသိရဘဲ  ကျောက်ထရံကျေးရွာကနေ ကျောက်နီမော်ဘက် မရောက်ခင်မှာ အခုလို တားဆီးပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး  မပစ်ခတ်ခင်မှာ အာဏာပိုင်တွေက လူစုခွဲဖို့ သတိပေးတားမြစ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အာဏာပိုင်တွေရဲ့ဟန့်တားပစ်ခတ်မှုကြောင့် ခြေထောက်မှာ သေနတ်ဒဏ်ရာရသွားသူ တဦးကတော့ အရိုးကိုထိထားတဲ့အတွက် ကျောက်ဖြူဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီးနောက် ခွဲစိတ်ကုသဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ကျောက်နီမော်ကျေးရွာမှာ လွန်ခဲ့တဲ့ ၆ လလောက်က  မသီတာထွေးအမည်ရှိ အမျိုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်မှာ ရခိုင် တိုင်းရင်းသားတွေနဲ့ ဘဂါင်္လီတွေအကြား တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့တာပါ။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က တကျော့ပြန် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ မီးရှို့မှုတွေ ထပ်မံဖြစ်ပွားပြီး မြောက်ဦး၊ မြေပုံ၊ ရသေ့တောင်၊ သံတွဲနဲ့ ရမ်းဗြဲ စတဲ့မြို့တွေထိ ကူးစက်ပျံ့နှံ့ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013