DVB Logo
Home
မြန်မာသတင်း
လက္ကာရွာမှ ဖမ်းဆီးထားသူ ၂၇ ဦးကို ရဲတပ်ဖွဲ့ထံအပ်နှံ၊ အေအေတပ်ဖွဲ့ဝင် ၁၈ ဦး ပါဝင်
DVB
·
May 3, 2019
လက္ကာရွာမှ ဖမ်းဆီးထားသူ ၂၇ ဦးကို ရဲတပ်ဖွဲ့ထံအပ်နှံ၊ အေအေတပ်ဖွဲ့ဝင် ၁၈ ဦး ပါဝင်
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာကနေ ဖမ်းဆီးထားတဲ့ ၂၇ ဦးကို ရဲတပ်ဖွဲ့ထံ အပ်နှံလိုက်ပြီဖြစ်ပြီး ဒီအထဲမှာ အေအေတပ်ဖွဲ့ဝင် ၁၈ ဦး ပါဝင်ကာ ရဲတပ်ဖွဲ့အား တိုက်ခိုက်သူတွေဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ အေအေ  လက်နက်ကိုင်အဖွဲ့နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်မှ ဒီကနေ့မွန်းလွဲပိုင်းကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့တာပါ။

“ကျနော်တို့ ပဏာမ စစ်ကြောချက်အရ ၁၈ ယောက်သည် အေအေတပ်ဖွဲ့ဝင်များ ဖြစ်ပါတယ်။  ၁၈ ယောက်သည် အမှတ် ၃၁၊ မြောက်ဦးမှာရှိတဲ့ ရဲတပ်ဖွဲ့ကို တိုက်ခိုက်တဲ့နေရာမှာ  ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူများဖြစ်ပါတယ်။ ၅ ယောက်သည် အမာခံများ ဖြစ်ပါတယ်။ ကျန်တဲ့ ၄ ဦးသည် သံသယစာရင်းဖြစ်ပါတယ်။ အဲဒီလိုမျိုး ကျနော်တို့ ဖော်ထုတ်ရရှိတာဖြစ်ပါတယ်။”

လက်ရှိမှာတော့ သူတို့ ၂၇ ဦးကို စစ်တွေရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။

“ဒီရဲလက်ထဲ အပ်ထားပြီးဖြစ်ပေမယ့် ကျနော်တို့ စစ်ကြောချက်တွေ ကျနော်တို့ရရှိတဲ့ အချက်အလက်တွေ အမှုဖွင့်တဲ့အခါမှာ တရားရုံးကိုပေးမှာ။ တရားရုံးကလည်း အမှုဖွင့်မှာပါ။ အမှုဖွင့်ပြီး သူတို့အမှုအတိုင်း စွဲတဲ့ပုဒ်မတွေအတိုင်း ရင်ဆိုင်မယ်။ ရင်ဆိုင်ပြီးတဲ့အခါမှာ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း သွားမှာဖြစ်ပါတယ်။” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  ပြောပါတယ်။

ဧပြီ ၁၀ ရက်​​က ​မြောက်​ဦးမြို့ ရဲတပ်​ရင်း ၃၁ ကို ၀င်ရောက်တိုက်ခိုက်ထွက်ပြေးသွားတဲ့ အေ​အေအဖွဲ့ကို တပ်မတော်စစ်ကြောင်းတွေက လိုက်လံရှင်းလင်းစဉ် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ လက္ကာကျေးရွာအနီးမှာ အရပ်ဝတ် အေအေတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ အေအေတပ်ဖွဲ့ဝင် တချို့က လက္ကာရွာထဲကို ၀င်ပြေးသွားလို့  လိုက်လံရှင်းလ­င်းရာမှာ ရွာခံမဟုတ်တဲ့ မသင်္ကာဖွယ်ရွာသား ၂၇ ဦးကို တပ်မတော်က ဖမ်းဆီး ထားတာဖြစ်ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013