DVB Logo
Home
မြန်မာသတင်း
လေပြင်းကြောင့် ပြည်နယ်နှင့်တိုင်းအချို့တွင် နေအိမ် ၄၄ လုံး အမိုးလန်ပျက်စီး
DVB
·
May 3, 2019
လေပြင်းကြောင့် ပြည်နယ်နှင့်တိုင်းအချို့တွင် နေအိမ် ၄၄ လုံး အမိုးလန်ပျက်စီး
Donate to DVB

ပြည်နယ်နဲ့တိုင်းအချို့မှာ ဧပြီ ၁ ရက်နဲ့ ၂ ရက်နေ့တွေက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့်  နေအိမ် ၄၄ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်အတွင်း မေ ၂ ရက်နေ့ ညနေ ၄ နာရီက လေပြင်းတိုက်ခတ်မှုကြောင့် အောင်လံကုန်း ကျေးရွာပါ ၅ ရွာတို့မှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၂၉ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အုတ်ဖိုမြို့နယ်အတွင်းမှာလည်း မေ ၂ ရက်နေ့ ညနေ ၆ နာရီလောက်က လေပြင်းတိုက် ခတ်တာကြောင့် ကွေ့ချောင်းရပ်ကွက်နဲ့ နှောကုန်းကျေးရွာပါ ၂ ရွာတို့မှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁၀ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မင်းလှမြို့နယ်မှာလည်း မေ ၂ ရက်နေ့ည ၆ နာရီခွက်လောက်က လေပြင်းတိုက်ခတ် တာကြောင့် စိန်ကန့်လန့်ကျေးရွာမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အလားတူ ကြို့ပင်ကောက်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မကျီးပင်ကျေးရွာအပါအ၀င် ၃ ရွာမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၃ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်မှာလည်း မေ ၁ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က လေပြင်းတိုက်ခတ်တာကြောင့် မိုးဖုန်းကျေးရွာမှာ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ် ၁ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်အတွင်းမှာ မေ ၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်က လေပြင်းတိုက်ခတ်တာကြောင့် အောင်မြေအင်း ကျေးရွာမှာ စာသင်ကျောင်း ၁ ကျောင်း အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒါကြောင့် တိုင်းဒေသကြီး/ ပြည်နယ် ၅ ခု၊ မြို့နယ် ၈ ခု၊ ရပ်ကွက်/ကျေးရွာ ၁၅ ခုတို့မှာ စုစုပေါင်း နေအိမ် ၄၄ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ စားသောက်ဆိုင် ၁ ဆိုင် အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်မှာလည်း တောင်ကမ်းပါးယံပြိုကျလို့ အမျိုးသား ၂ ဦး ဒဏ်ရာရပြီး  ၃ ဦး (ကျား ၂၊ မ ၁) တို့ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013