DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ကလေးဆေးရုံကြီးတွင် ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှု အောင်မြင်
DVB
·
May 3, 2019
ရန်ကုန်ကလေးဆေးရုံကြီးတွင် ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှု အောင်မြင်
Donate to DVB

ရန်ကုန်ကလေးဆေးရုံကြီးမှာ ပထမအကြိမ် အသည်းအစားထိုးကုသမှု အောင်မြင်သွားခဲ့တယ်လို့ မေလ ၃ ရက်က ကျင်းပတဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ရန်ကုန် ရွှေပြည်သာမြို့နယ်က အသက် ၅ နှစ်အရွယ် မွေးရာပါ သည်းခြေပြွန်မပါတဲ့ မောင်ညီညီမင်းဦး(ခ) ညီညီဖြိုးကို ဖခင်ဖြစ်သူက အသည်းလှူဒါန်းမှုကို မတ်လ ၁၇ ရက်မှာ ခွဲစိတ်ကုသ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

အသည်းအစားထိုးခွဲစိတ်ကုသမှုကိုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့က ကြီးကြပ်ပြီး Japan Liver Transplan Team နဲ့ Myanmar Liver Transplan Team တို့က ပူးပေါင်း ခွဲစိတ်ကုသခဲ့တာပါ။

လက်ရှိမှာတော့ ကလေးငယ်ဟာ ဆေးရုံဆင်းခွင့်ရတဲ့အထိ ကျန်းမာနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသတာကိုတော့ လာမယ့် စက်တင်ဘာလမှာ ပြုလုပ်ဖို့ အစီအစဉ်ရှိပါတယ်။

ရန်ကုန်ကလေးဆးရုံကြီးမှာ နှစ်စဉ် တနှစ်အောက်ကလေးငယ် ၃၀ ရာခိုင်နှုန်းလောက်ဟာ အသားဝါရောဂါနဲ့ ခွဲစိတ်ကုသပညာဌာနကို တက်ရောက်ကုသနေတယ်လို့ လူနာမှတ်တမ်းမှာ ဖော်ပြပါတယ်။

အသည်းအစားထိုး ခွဲစိတ်ကုသမယ်ဆိုရင်  ငွေကျပ် သိန်း ၃၀၀ လောက် ကုန်ကျမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ မတ်လက  အသက် ၃ နှစ်အရွယ် မြန်မာကလေးငယ် မောင်ဥက္ကာကျော်ကို မြန်မာဆရာဝန်တွေပါလိုက်ပါပြီး ဂျပန်နိုင်ငံမှာ အသည်းအစားထိုး ခွဲစိတ်ကုသ အောင်မြင်ခဲ့ ဖူးပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013