DVB Logo
Home
မြန်မာသတင်း
ဇေကမ္ဘာကုမ္ပဏီနှင့် ဦးနေမျိုးဝေအမှု ရုံးထုတ်စစ်ဆေး
DVB
·
October 31, 2012
ဇေကမ္ဘာကုမ္ပဏီနှင့် ဦးနေမျိုးဝေအမှု ရုံးထုတ်စစ်ဆေး
Donate to DVB

ဇေကမ္ဘာကုမ္ပဏီက မတူကွဲပြားခြားနားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးနေမျိုးဝေ အပေါ် အသရေဖျက်မှုနဲ့ တရားစွဲဆိုချက်ကို ဒီနေ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပါတယ်။

ဒီနေ့ရုံးက ဇေကမ္ဘာဘက်က တရားလို ကုမ္ပဏီမန်နေဂျာ ဦးမြင့်ဇော်ကို စစ်ဆေးတယ်လို့ တရားခွင်တက်ရောက်နားထောင်တဲ့ ဦးနေမျိုးဝေက ပြောပါတယ်။

[caption id="attachment_13350" align="alignright" width="300" caption="ဦး​နေမျိုး​ဝေ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

လယ်ယာမြေကွက်ထဲမှာ လယ်သမားတွေနဲ့ စကားပြောစဉ် ဦးနေမျိုးဝေ ပြောဆိုချက်တွေ၊ ဦးနေမျိုးဝေထုတ်ဝေတဲ့ လက်ကမ်းစာစောင်ဟာ သူတို့ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အကြောင်း ဦးမြင့်ဇော်က သက်သေခံတင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

“နေမျိုးဝေက ၂၀၁၁ မှ ၀င်လာတာတဲ့၊ အောက်ခြေလယ်သမားတွေနဲ့ ညှိနှိုင်းပြီး ပြေလည်မယ် ဆိုတာကို သိချင်မှသိမယ်တဲ့။ လယ်ထဲဝင်လာပြီး လယ်သမားတွေကို စုစည်းပြီးတော့ ကိုမြင့်ဇော်နဲ့ ကုမ္ပဏီကို ထိခိုက်မယ့် စကားလုံးအသုံးအနှုန်းတွေပြောဆိုတယ်။ ဒါကြောင့် ကိုမြင့်ဇော်နဲ့ ကုမ္ပဏီဟာ အများကြီးထိခိုက်နစ်နာရတယ်လို့ ထွက်ဆိုသွားတယ်။”

သူ့ဘက် အမှုလိုက်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအေးမြင့် ပြန်လှန်မေးခွန်းထုတ်ခဲ့ပုံကို ဦးနေမျိုးဝေက ခုလို ပြောပါတယ်။

“ဦးအေးမြင့်က ဇေကမ္ဘာ ဦးခင်ရွှေတဦးတည်း ပိုင်လားလို့ မေးခွန်းထုတ်တော့ မပိုင်ဘူးလို့ ဖြေပါတယ်။ ၁၉၆၃ ခုနှစ် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်တဲ့ ဥပဒေကို သိလားလို့ မေးတော့လည်း မသိဘူးလို့ ဖြေပါတယ်။ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေအရ ရောင်းချ၊ ပေါင်နှံခြင်း မရှိသည်ကို သိလားလို့ မေးတော့လည်း မသိဘူးလို့ ဖြေပါတယ်။ ၁၉၅၃ ခုနှစ်ဥပဒေအရ မချိုးဖောက်ပါဘူးဆိုရင် သက်ဆိုင်ရာ သက်သေအထောက်အထားများ တင်ပြပါဆိုတော့ လောလောဆယ် မတင်နိုင်သေးပါလို့ သူဖြေပါတယ်။”

ဦးနေမျိုးဝေဟာ မင်္ဂလာဒုံမြို့နယ် ရွှွှေနံ့သာကျေးရွာအုပ်စုအတွင်း ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နစ်နာခဲ့တဲ့လယ်သမားတွေဘက်က ကူညီဆောင်ရွက်ပေးရင်း ပြောဆိုဆောင်ရွက်ချက်တွေအတွက်  တရားစွဲခံရတာ ဖြစ်ပါတယ်။

ဦးနေမျိုးဝေက မီဒီယာတွေကို  ပြောဆိုချက်တွေဟာ ဦးခင်ရွှေပိုင်ဆိုင်တဲ့ ဇေကမ္ဘာကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိပါးတယ်ဆိုပြီး ဦးမြင့်ဇော်က ဇူလိုင် ၂၃ ရက်နေ့က အသရေဖျက်မှုနဲ့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပြီးနောက် ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
တရားရုံးက ဒီအမှုကို ဆက်လက်စစ်ဆေးဖို့ လာမယ့် နိုဝင်ဘာ ၁၄ ရက်နေ့ကို ပြန်လည် ချိန်းဆိုလိုက်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013