DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးစစ်ဆေးနေသည့် ကျောက်တန်းရွာသား ၁၂၆ ဦးကို တပ်မတော် ပြန်လွှတ်
DVB
·
May 3, 2019
ဖမ်းဆီးစစ်ဆေးနေသည့် ကျောက်တန်းရွာသား ၁၂၆ ဦးကို တပ်မတော် ပြန်လွှတ်
Donate to DVB

တပ်​မ​တော်​က ဖမ်းဆီးစစ်​​ဆေး​နေတဲ့ ကျောက်တန်း​ကျေးရွာသား ၁၂၆ ဦးကို ဒီမနက်​ ပြန်လွှတ်ပေးလိုက်ပြီး ​ကျန်သူတချို့ဟာ အေအေအဖွဲ့ဝင်တွေ ဖြစ်နေတာကြောင့် ဥပဒေအရ ဆောင်ရွက်သွားမယ်လို့ တပ်​မ​တော်​သတင်းမှန်​ပြန်​ကြား​ရေးအဖွဲ့ အတွင်း​ရေးမှူး ဗိုလ်​မှူးချုပ် ​ ဇော်​မင်းထွန်းက ပြောပါတယ်။

"ဒီ​နေ့ မနက်ပဲ အပြစ်​မရှိသူ ၁၂၆ ဦး လွှတ်​​ပေးလိုက်​ပါပြီ။ ကျန်​​နေတဲ့သူ​တွေထဲက တ​ချို့ အေ​အေ အဖွဲ့ဝင်ေ​တွေပါ​နေ​ကြောင်း စိစစ်​​တွေ့ရှိရတာ​တွေရှိတယ်​။ ပါဝင်​ပတ်​သတ်​​နေသူ​တွေကို ဥပ​ဒေအရ လုပ်​ထုံးလုပ်​နည်းနဲ့ အညီ​ဆောင်​ရွက်​သွားမှာပါ။ ကျန်​​နေတဲ့ သူ​တွေကို အ​သေးစိတ်​စစ်​​ဆေး​နေတယ်။ အပြစ်​မရှိသူ​တွေ ထပ်​​တွေ့ရင် ​ထပ်​လွှတ်​​ပေးမှာဖြစ်​တယ်။”

ဒါ့အပြင် သေဆုံးသူ ၆ ဦးကို မိသားစုဝင်​​တွေနဲ့အတူ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်​လာအရ သင်္ဂြိုဟ်​လိုက်​ပြီလို့ ဆိုပါတယ်။

“သေဆုံးသူ ၆ ဦးကို မိသားစုဝင်​​တွေနဲ့အတူ ဗုဒ္ဓဘာသာထုံးတမ်းစဉ်​လာအရ ဒီ​နေ့ ၁၂ နာရီမှာ သင်္ဂြိုဟ်လိုက်​ပါပြီ။ ဓာတ်​ပုံ​တွေ မရိုက်​ရဘူး ဘာဘူးဆိုတဲ့ သတင်းတွေလည်း မဟုတ်​ပါဘူးခင်​ဗျ။ အားလုံး မှတ်​တမ်းဓာတ်​ပုံ​တွေ ရိုက်ကြပါတယ်​"လို့​ ဗိုလ်​မှူးချုပ် ​ ဇော်​မင်းထွန်းက ပြောပါတယ်​။

သေဆုံးသူ ဦးသံခဲအောင်​ရဲ့ ဇနီး မသိန်းနုက "သူတို့​ပြောတာ တ​ခုမှ မဟုတ်​ပါဘူး။ ကျ​မတို့ မိသားစုဝင်​​တွေနဲ့ လုံးဝ ​တွေ့ခွင့်​မ​ပေးပါ။ သင်္ဂြိုဟ်ဖို့​ ရွာမှ လူငယ်​ ၂၀ ​ကို အ​လောင်းထမ်းခိုင်းပြီး အ​လောင်း​တွေကို ဓာတ်​ပုံ မရိုက်​ရဘူး။ ဂူသွင်းသင်္ဂြိုဟ်​လို့မရဘူး။ စတဲ့ စည်းကမ်းချက်​တွေကို လက်​မှတ်​ထိုးခိုင်းပါတယ်။ အ​လောင်း​တွေကို ကျောက်​တန်းသုဿန်​မှာ ပုံထားပြီး ဓာတ်ပုံရိုက်​ရင်​ ပစ်​သတ်​မယ်​လို့​တောင်​​ပြောတယ်​။ ကျ​မတို့က​တော့ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်​လာအရ ဆရာတော်၊ သံဃာ​တော်​​တွေနဲ့ သရဏဂုံတင်​ခွင့်​​တောင်​မရဘူးဆို​တော့ အလွန်​မှ ရင်​ထဲမှာ ခံစား​နေရပါတယ်​​" လို့​ပြောပါတယ်​။

ရ​သေ့​တောင်​မြို့နယ်​​၊ ကျောက်​တန်း​ရွာမှာ ရွာသား ၂၇၅ ဦးကို တပ်​မ​တော်​က ဖမ်းဆီးစစ်ဆေးနေစဉ် မေ ၂ ရက်မနက် အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး ​သေဆုံးကာ ၈ ဦး ဒဏ်​ရာရရှိခဲ့တာပါ။

စစ်ဆေးနေတဲ့ တပ်သားတွေဆီက သေနတ်လုလို့ ပစ်ခတ်လိုက်ရာက ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရသွားတာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013