DVB Logo
Home
မြန်မာသတင်း
ဇာဂနာနှင့် နေတိုးအပြိုင်ကြဲသရုပ်ဆောင်ထားသည့် ဟာသရုပ်ရှင်-ပြဿနာ(နမူနာ)
DVB
·
May 3, 2019
ဇာဂနာနှင့် နေတိုးအပြိုင်ကြဲသရုပ်ဆောင်ထားသည့် ဟာသရုပ်ရှင်-ပြဿနာ(နမူနာ)
Donate to DVB

ရုပ်ရှင်တွေမှာ မတွေ့ရတာကြာပြီဖြစ်တဲ့ ၀ါရင့်ဟာသ သရုပ်ဆောင်မင်းသား ဇာဂနာနဲ့ နာမည်ကြီးသရုပ်ဆောင်မင်းသား နေတိုးတို့ အပြိုင်ကြဲသရုပ်ဆောင်ထားကြတဲ့ ပြဿနာရုပ်ရှင် ကားကို လာမယ့် မေလ ၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

သက်ဦးမောင်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ မီးပွားပုံဖော်ရိုက်ကူးတဲ့ ဒီ ရုပ်ရှင်ကားကို Golden Hope ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာပါ။

ဒီရုပ်ရှင်ကားထဲမှာတော့ အမြဲလိုလို ပြဿနာရှာနေတတ်တဲ့ ဆံသဆရာလေး နီ တွတ်၊သားမက်ကို အရမ်းချစ်တဲ့ ယောက္ခမနဲ့ ယောက်ျားကို အရမ်းချစ်တဲ့ မိန်းမကြား  က မောက်ကမ၊ ဗရမ်းဗတာ ဟာသဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးပုံဖော် ထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ နေတိုး၊ ဇာဂနာတို့နဲ့အတူ တခြားသရုပ်ဆောင်မင်းသားမင်းသ မီးတွေ ဖြစ်ကြတဲ့ ခင်လှိုင်၊ ဒိန်းဒေါင်၊ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်၊ ယဉ်လက်စတဲ့ သရုပ် ဆောင်တွေ အများကြီး အားဖြည့်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဇာဂနာဟာ ရုပ်ရှင်လောကမှာ ဒါရိုက်တာအဖြစ်ရော၊ သရုပ်ဆောင်အနေနဲ့ပါ သဘာဝကျကျ ဟာသမြောက်အောင် သရုပ်ဆောင်နိုင်သူတဦးဖြစ်ပြီး သူပါဝင်ခဲ့တဲ့ ပုဏ္ဏားဘ ကွန်း၊ ပေါ့ပေါ့ပါးပါးပြုံးစတဲ့ ရုပ်ရှင်တွေဟာ ထင်ရှားပါတယ်။

မိုးညအိပ်မက်မြူ၊ နက္ခတ်မှားတဲ့ တိုက်ပွဲ၊ တာတေကြီးစတဲ့ ရုပ်ရှင်ကားတွေနဲ့ မြန် မာ့ရုပ်ရှင်ထူးချွန်ဆု ၃ ဆုရရှိထားခဲ့တဲ့ နေတိုးကတော့ ဒရာမာရော ဟာသပါ ပိုင်နိုင်တဲ့ သရုပ်ဆောင်မင်းသားတဦးဖြစ်တာမို့ သူတို့ ၂ ဦးအပြိုင်ကြဲ သရုပ်ဆောင်ထားတဲ့ ဒီကား ထဲမှာ ဘယ်လိုသရုပ်ဆောင်မှုတွေ တွေ့ရမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာ ခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013