DVB Logo
Home
မြန်မာသတင်း
အလင်းရောင်နှင့် ခင်ဝင့်ဝါတို့ သရုပ်ဆောင်ထားသည့် ၀ိုင်းလေးသီချင်းသစ်-သူနဲ့ငါ(ရုပ်သံ)
DVB
·
May 3, 2019
အလင်းရောင်နှင့် ခင်ဝင့်ဝါတို့ သရုပ်ဆောင်ထားသည့် ၀ိုင်းလေးသီချင်းသစ်-သူနဲ့ငါ(ရုပ်သံ)
Donate to DVB

“ပျော်နေတယ်ပေါ့ ဟိုးအဝေးမှာ အဆင်ပြေတယ်ပေါ့… နင့်အတွက် မလိုအပ် တော့တဲ့ ဒီလူကို ကန်ထုတ်ပေါ့… အသည်းကွဲလည်း ခဏပါ… အချိန်တန်ရင် ဟာသပေါ့ ကွာ… ငါ နင့်အတွက် ငါ့မာန”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ အလှမယ် ၀ိုင်းလေးရဲ့ သီချင်း သစ်တပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။

သူနဲ့ငါလို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ၀ိုင်းလေးက သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်ပဲ သီဆိုထားခဲ့ တာ ဖြစ်ပါတယ်။

“ရင်ခုန်နေတယ်ပေါ့… အခြားတယောက်အတွက် အချိန်ကုန်နေတော့… နင့်ရဲ့ မာ နတို့ ပျောက်ကွယ်… သိက္ခာတွေ မငဲ့ကွက်ခဲ့… နာကြည်းချက်တို့ ငါ့မှာ… နင်အကုန်ပြန် ယူသွားလိုက်ပါ… ငါနောက်ဆုံး ငါ့ဆန္ဒ”

ဒီသီချင်းကိုတော့ ဒါရိုက်တာ ရဲနောင်က ရိုက်ကူးပေးထားခဲ့တာဖြစ်ပြီး သရုပ် ဆောင် အလင်းရောင်၊ ခင်ဝင့်ဝါနဲ့ Jessie တို့ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းပုံစံလေးနဲ့ ပုံ ဖော်ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။

“တချိန်ချိန်မှာ နင့်အတွက် ရိုးမြေကျ… သူဟာ ပေါင်းဖက်သွားမှာလား… မသက် ဆိုင်တော့ပေမယ့်… ဆုတောင်းနေဆဲ…  တချိန်တုန်းက ချစ်သူ တွဲလက်မြဲပါစေ”

ချန်ထားခဲ့တဲ့ ချစ်သူကို အဆင်ပြေပျော်ရွှင်စေဖို့ မိန်းကလေးဘက်က ခံစားချက် တွေနဲ့ ရေးဖွဲ့ထားတဲ့ ဒီသီချင်းဟာ အလင်းရောင်၊ ခင်ဝင့်ဝါတို့ရဲ့ ထိမိတဲ့ သရုပ်ဆောင် မှုတွေနဲ့ ရုပ်လုံးကြွနေခဲ့တာကို တွေ့ရပါတယ်။

ဒီသီချင်းကိုတော့ ၀ိုင်းလေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ခုလိုရေးသားထားခဲ့တာပါ။

“ချစ်ခြင်းတရား ဆို တာက ပိုင်ဆိုင်နေရမှ မဟုတ်ပါဘူး… ကိုယ်ချစ်တဲ့သူကို မပိုင်ဆိုင်ရလည်း ပျော်နေစေချင်တာ ပိုပြီးချစ်လို့ပါ… ကိုယ့်နားမှာ မရှိချင်တော့တဲ့သူကို သူစိတ်ချမ်းသာမယ်ဆို သွားပါစေတော့ ...ဆိုပေမယ့်… ကိုယ်မြတ်နိုးသလောက် နောက် လူက မြတ်နိုးပါ့မလား??... ကိုယ့်အချစ်လောက် နောက်လူက အေးမြပေးပါ့မလား??... ကိုယ့်ဂရုစိုက်မှုတွေလောက် နောက်လူက ဂရုစိုက်ပါ့မလား??ဆိုတာ... ပိုချစ်ရတဲ့ သူ တိုင်းရဲ့ မသိစိတ်ရင်ဘတ်ထဲက အမြဲလို ဖြူစင်လှတဲ့ နှိုင်းယှဉ်မှု တစ်ခုပါပဲ... မိတ်ဆွေတို့ ရော....... နှိုင်းယှဉ်ခဲ့ဖူးလား.........!?????”

ဝိုင်းလေးဟာ ၂၀၁၄ ခုနှစ် Miss World Myanmar အလှမယ်တဦးဖြစ်ပြီး အိပ် မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာလည်း သီဆိုယှဉ်ပြိုင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ သီချင်းဆိုတာ သရုပ်ဆောင်တာတွေစတဲ့ အနုပညာလှုပ် ရှားမှုတွေ ပြုလုပ်နေပြီး Selfie အမည်ရတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် လည်း ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013