DVB Logo
Home
မြန်မာသတင်း
ရွှေကျင်တွင် လူဦးရေ ၃၀၀၀ ကျော် ရေရှားပါးသည့် အခက်အခဲ ကြုံနေရ
DVB
·
May 3, 2019
ရွှေကျင်တွင် လူဦးရေ ၃၀၀၀ ကျော် ရေရှားပါးသည့် အခက်အခဲ ကြုံနေရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှာ ရပ်ကွက်ကျေးရွာအုပ်စု ၆ အုပ်စုက လူဦးရေ ၃၀၀၀ ကျော်လောက် ရေရှားပါးတဲ့ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကျင်မြို့ ရှမ်းကြေးရပ်ကွက် ကျွဲတဲရပ်ကွက် အပါအဝင် ဆုံကုန်ကျေးရွာ၊ စလူချောင်းကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ ပန်းအင်းကျေးရွာတွေက အိမ်ထောင်စု ၆၀၀ ကျော်လောက် ရေရှားပါးမှုဒဏ်ကို ခံနေရတာပါ။

အဲဒီရပ်ကွက်ကျေးရွာတွေဟာ ကုန်းမြင့်ပိုင်းမှာ တည်ရှိပြီး ဂဝံမြေသားတွေ ဖြစ်တာကြောင့် စက်ရေတွင်းတူးရာမှာ အခက်အခဲရှိသလို တူဖော်ပြီးသား စက်ရေတွင်းတွေဟာလည်း မြေအောက်ရေ ခန်းခြောက်လာတဲ့အတွက် ရေကြောပြတ်ပြီး ရေရှားပါးခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ ပရဟိတ အလှူရှင်တွေ စုပေါင်းပြီး ရေရှားပါးနေတဲ့ ရပ်ကွက်ကျေးရွာတွေကို မီးသတ်ကားတွေနဲ့ ရေပေးဝေနေရတယ်လို့ ရွှေကျင်လူငယ်အဖွဲ့မှ ကိုအောင်ဆက်ပိုင်က ပြောပါတယ်။

"ရေပြတ်နေတာက လွန်ခဲ့တဲ့ ဆယ့်ငါးရက်လောက်ကတည်းက ပြတ်နေတာ၊ သူတို့အစီအစဉ်နဲ့ သူတို့ ဖြေရှင်းနေကြတာ။ ခုနောက်ပိုင်း ရွှေကျင်လူငယ်အဖွဲ့က ဦးဆောင်ပြီး ရေပြတ်နေတဲ့ ဒေသတွေကို လှူဒါန်းမှုတွေ ပြုလုပ်ပေးနေရတယ်။ အခုလိုပဲ အပူရှိန်က မလျှော့ဘူးဆိုရင် နောက်ရက်တွေ အခြေအနေ ပိုဆိုးလာနိုင်တယ်” လို့ ပြောပါတယ်။

ရွှေကျင်မြို့မှာ အရင်နှစ်တွေက ရပ်ကွက်တချို့မှာ ရက်ပိုင်းလောက်သာ ရေရှားပါးတဲ့ဒဏ် ခံခဲ့ရပေမယ့် ဒီနှစ်မှာ ကျေးရွာတွေမှာလည်း ရေရှားပါးတဲ့ဒဏ်ကို ရက်ရှည်ကြာ ခံလာရတာ ဖြစ်ပါတယ်။

သတင်း ၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013