DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်အရေး အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ဆွေးနွေး
DVB
·
May 3, 2019
ဒုက္ခသည်အရေး အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ဆွေးနွေး
1 / 6
Donate to DVB

အမေရိကန်နိုင်ငံ နိုင်ငံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒေးဗစ်ဟေးလ်နဲ့​ ရခိုင်လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ဒုက္ခသည်အရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မေလ ၂ ရက် မွန်းလွဲ ၃ နာရီလောက်က ရခိုင်ပြည်နယ် လွှတ်တော်ရုံး ဥက္ကဋ္ဌ ဧည့်ခန်းမမှာ တွေ့ဆုံခဲ့ကြတာလို့ ရခိုင်ပြည်နယ်သတင်းမှာ ဖော်ပြထားပါတယ်။

တွေ့ဆုံရာမှာ မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေ၊ တဖက်နိုင်ငံ ရောက်ရှိနေသူတွေနဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေ၊ အမေရိကန်နိုင်ငံက NGO, INGO တွေနဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေ၊  လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ စိန်ခေါ်မှုတွေ၊ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကို တွေ့ဆုံဆွေးနွေးနည်းနဲ့ အဖြေရှာရေး စတာတွေ ဆွေး​နွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတူညီတဲ့ လူမျိုး၊ မတူညီတဲ့ ဘာသာကြား အမုန်းတရား ပြန့်ပွားနေမှုတွေကို လျှော့ချရေး၊ မြန်မာနဲ့ အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ်စနစ်ကွာဟမှု အားနည်းချက် အားသာချက်တွေကိုလည်း ဆွေးနွေးခဲ့ကြ​ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဒေးဗစ်ဟေးလ်နဲ့အဖွဲ့ဟာ အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ ဘင်္ဂလီတွေနဲ့တွေ့ဆုံခဲ့ကာ အခက်အခဲအခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ကတည်းက စားဝတ်နေရေးတွေ အခက်အခဲဖြစ်နေတာတွေကို ရိက္ခာထောက်ပံ့မှုတွေ ရရှိရေး တင်ပြခဲ့တယ်လို့ မစ္စတာ ဒေးဗစ်ဟေးလ်နဲ့ တွေ့ဆုံခဲ့တဲ့ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ ဦးအောင်သိန်းက ပြောပါတယ်။

တွေ့ဆုံပွဲကို ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်နဲ့ သံရုံးတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်​။

ဒေးဗစ်ဟေးလ်ဟာ နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံ တွေ့ဆွးနွေးသွားမယ်လို့ ရန်ကုန်အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - ၀ဏ္ဏခွာညို

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013