DVB Logo
Home
မြန်မာသတင်း
အောင်မြေသာစံမြို့နယ်တွင် မိုးခေါ်လွန်ဆွဲပွဲ ကျင်းပ (ဓာတ်ပုံ)
DVB
·
May 3, 2019
အောင်မြေသာစံမြို့နယ်တွင် မိုးခေါ်လွန်ဆွဲပွဲ ကျင်းပ (ဓာတ်ပုံ)
1 / 9
Donate to DVB

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက်ရှိ ဗောင်းတော်ကျ ဆုတောင်းပြည့် မြတ်စွာဘုရားအနီးမှာ မေ ၂ ရက် ညနေ ၄ နာရီက မိုးခေါ်လွန်ဆွဲပွဲ ကျင်းပခဲ့ပါတယ်။

ဒီလွန်ဆွဲပွဲကို ဗောင်းတော်ကျ ဆုတောင်းပြည့် မြတ်စွာဘုရား ဂေါပကအဖွဲ့နဲ့ ပုလဲငွေရောင်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ကျင်းပတာပါ။

ဒီမိုးခေါ်လွန်ဆွဲပွဲမှာ အမျိုးသားအဖွဲ့တဖက်၊ အမျိုးသမီးအဖွဲ့တဖက် ငါးချီ အပြိုင်လွန်ဆွဲခဲ့ကြပြီး သံချပ်နဲ့ အားပေး ဖျော်ဖြေခဲ့ပါတယ်။ မိုးခေါ်လွန်ဆွဲပွဲကို မေ ၂ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပမှာပါ။

အခုလို မိုးခေါ်လွန်ခေါ်ပွဲကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက်နဲ့ ပြည်ကြီးတံခွန်မြို့နယ် ယောမင်းကြီးလမ်း၊ ၆၁ လမ်းနဲ့ ၆၂ လမ်းကြား စတဲ့နေရာတွေမှာလည်း မေ ၁ ရက်မှ ၃ ရက်နေ့ထိ ကျင်းပတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - သော်တာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013