DVB Logo
Home
မေးမြန်းခန်း
မြန်မာ့အထည်ချုပ်လုပ်ငန်း ချည့်နဲ့လာ
DVB
·
October 31, 2012
မြန်မာ့အထည်ချုပ်လုပ်ငန်း ချည့်နဲ့လာ
Donate to DVB

ဒီလဆန်းပိုင်းကစလို့ ပြည်ပအော်ဒါ မှာယူမှုကျဆင်းခဲ့ရတဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ မြန်မာ့အထည်ချုပ် လုပ်ငန်းရှင်အသင်းက ပြောပါတယ်။

ဥရောပသမဂ္ဂ (အီးယူ) ရဲ့ ပိတ်ဆို့မှုရုပ်သိမ်းပြီး မြန်မာကို ပြန်ခံစားခွင့်ပြုမယ့် အခွန်အထူးသက်သာခွင့် (ဂျီအက်စ်ပီ) ဟာလည်း အသက်မ၀င်သေးသလို အမေရိကန်က မြန်မာ့ တင်ပို့ကုန်တွေကို ကန့်သတ်ချက်တွေ ဖယ်ရှားပေးတာဟာလည်း ထိရောက်မှု မရှိသေးဘဲ ဖြစ်နေတာပါ။

[caption id="attachment_32551" align="alignleft" width="300" caption="လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်လုပ်သားများ (ဓာတ်ပုံ- ရိုက်တာ)"][/caption]

ဒါ့အပြင် ရာသီအပြောင်းအလဲနဲ့ ဖြစ်ခဲ့တဲ့ အလုပ်သမားလှုပ်ရှားမှုတွေ၊ အရည်အသွေးပိုင်းဆိုင်ရာတွေနဲ့လည်း ဆက်စပ်ပြီး အော်ဒါတွေက တခြားနိုင်ငံတွေဆီ သွားအပ်နေကြတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။

မြန်မာ့အထည်ချုပ်လုပ်ငန်းအခြေအနေတွေနဲ့ပတ်သက်ပြီး ဦးမြင့်စိုးကို ဆက်သွယ်မေးမြန်းထားပါတယ်။

လဆန်းမှာ အမှာတွေကျတယ်ကြားပါတယ်။ အမေရိကန်ကပိတ်ဆို့မှုတွေ ဖယ်လိုက်လို့ တက်လာရမှာ မဟုတ်လား။

“အမေရိကန်ရော၊ ဂျီအက်စ်ပီ (အခွန်အထူးသက်သာခွင့်) ရော ဘယ်ဆီမှန်းတောင် မသိသေးဘူး။ အသံသာကြားတယ်၊ ဘယ်ဆီနေမှန်းမသိဘူး။”

အခု အထည်ချုပ်လုပ်ငန်းအခြေအနေက ဘယ်လိုဖြစ်နေလဲ။

“အခု အချိန်ပိုမရှိဘူး။ စက်ရုံတွေမှာ အလုပ် ချုပ်စရာအထည်မရှိဘူး။ ဘာလို့လဲဆိုတော့ နံပါတ် ၁ ကတော့ ရာသီအကူးအပြောင်း၊ နံပါတ် ၂ က အလုပ်သမားအခြေအနေပေါ်မှာ အလုပ်အပ်နှံသူက စိုးရိမ်ပူပန်တယ်။ ရာသီအကူးအပြောင်းဆိုတာက နွေဆိုရင် ဆောင်းချုပ်၊ ဆောင်းဆို နွေချုပ်။ အခု ဆောင်းတွင်းရောက်ရင် နွေချုပ်ရတော့မယ်။ ဆောင်းထည်ကတော့ နွေမှာချုပ်ပြီးသွားပြီ။ အခု နွေထည် ချုပ်ဖို့ အော်ဒါတွေ မလာဘူး။ အဲတော့ ရာသီအပြောင်းရော၊ ပြီးခဲ့တဲ့ လုပ်သားကိစ္စ ဆန္ဒပြပွဲတွေကို စိုးရိမ်ကြတာလေ။ နံပါတ် ၃ ကတော့ ခါတိုင်းလည်း အပြောင်းမှာ နည်းနည်းလေး လုပ်ငန်းသဘာဝ လျော့သွားတတ်ပါတယ်။ ဒါပေမယ့် ဒီနှစ်လျော့တာက အချိန်လည်းကြာတယ်၊ လျော့တာလည်း များတယ်။”

အော်ဒါတွေက ဘယ်နိုင်ငံတွေကို သွားလဲ။

“ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား။ ဂျပန်အော်ဒါတွေက အင်ဒိုနီးရှား သွားတယ်။”

အရင်က ဂျပန်က မြန်မာအထည်ချုပ်မှာ ၉၀ ရာခိုင်နှုန်းလောက် လွှမ်းတာမဟုတ်လား။

“၅၀ ရာခိုင်နှုန်းကျော်ကျော်လောက် လွှမ်းတယ်။ အမေရိကန်က မဖယ်သေးဘူး။ ဂျီအက်စ်ပီကလည်း ပေးမယ်ပြောပြီး စာရွက်စာတမ်းလုပ်နေတယ်။ ခွင့်ပြုချက်မကျသေးဘူး။ တကယ်လက်တွေ့က ဘာမှအကောင်အထည်မပေါ်သေးဘူး။”

အဲတော့ အခုက မြန်မာပြည်မှာ စက်ရုံ ၂၀၀ ကျော်ရှိတယ်။ ဘယ်လို ရပ်တည်နေကြလဲ။

“နံပါတ် ၁ OT မခေါ်နိုင်ဘူး။ နံပါတ် ၂ မရှိတဲ့အခါ ရှိတဲ့အော်ဒါကို လက်ခံပြီး ဈေးလျှော့ပြီးချုပ်ရတယ်။ အလုပ်သမားလည်း လခ ကောင်းကောင်းမရဘူး။ အလုပ်ရှင်ကလည်း အလုပ်သမားပေးရတဲ့လခဖိုးပဲ ချုပ်ခမရဘူး။ ဆုံးရှုံးနေတယ် ထင်တာတော့ နိုဝင်ဘာလကုန်လောက်ထိ ဒီအတိုင်းသွားနေမယ်။”

ဂျီအက်စ်ပီက ဘယ်တော့လောက်လမ်းပွင့်နိုင်လဲ။

“ဒီနှစ်ထဲ ဒီဇင်ဘာ ၂၀၁၂ တဲ့။ အကြာဆုံး ဇန်န၀ါရီ ၂၀၁၃ လို့တော့ ပြောတယ်။ ပိတ်တဲ့စက်ရုံတော့မရှိသေးဘူး၊ လည်တော့လည်ပတ်နေတယ်။”

လုပ်သားတွေအခြေအနေရော။ အချိန်ပိုမရှိ၊ အခုလည်း ကျောင်းဖွင့်ချိန်တွေရောက်နေပြီဆိုတော့ ဘယ်လိုနေလဲ။

“၀င်ငွေနည်းကြတာပေါ့။ သူတို့ ၀င်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက် လျော့နေတယ်။ လုပ်ငန်းရှင်တွေကလည်း ပြောတာပေါ့၊ ပေးနိုင်တာပဲလုပ် လုပ်နိုင်တာလုပ်ပေါ့။ ညှိလို့မရရင်တော့ သူတို့ နောက်ဆုတ်တော့မယ်ဆိုပြီး။”

အထည်ချုပ်ပိုင်ရှင်တွေက ပြည်တွင်း၊ ပြည်ပ ဘယ်ကများလဲ။

“ပြည်ပကများတယ်။”

ဒီအခြေအနေကြီးနဲ့ ပတ်သက်လို့ ဘယ်လိုကုစားနိုင်မယ်လို့ မြင်ပါလဲ။

“အသင်းအနေနဲ့ကတော့ အခုလောလောဆယ် ဥရောပဈေးကွက်တွေနဲ့တော့ လက်ခံတွေ့ဆုံတယ်။ ဒါပေမယ့် သူတို့ဘက်က action ကတော့ မစနိုင်သေးဘူးပေါ့၊ ဂျီအက်စ်ပီကြောင့်ပါ။ အခုတော့ လက်ခံတွေ့ဆုံပြီး ကျနော်တို့ဈေးကွက်အကြောင်း ပြောတာနဲ့ အလုပ်အပ်ဖို့ ဆွဲဆောင်တွန်းအားပေးတာလောက်ပဲ လုပ်နိုင်သေးတယ်။ ဧည့်သည်ကတော့ လာပါတယ်။ မေးမြန်းတယ်။ ဒါပေမယ့် ဘယ်နေ့ စအပ်မယ်ဆိုတာမျိုး မရှိသေးဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013