DVB Logo
Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်း ၂၄ နာရီအတွင်း သြရိဿကမ်းခြေ၀င်ရောက်ပြီး အားလျော့မည်
DVB
·
May 3, 2019
ဆိုင်ကလုန်းမုန်တိုင်း ၂၄ နာရီအတွင်း သြရိဿကမ်းခြေ၀င်ရောက်ပြီး အားလျော့မည်
Donate to DVB

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်အဖြစ် အားလျော့သွားမယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မေ ၂ ရက်နေ့ည ၁၁ နာရီ တိုင်းထွာချက်အရ  ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း ဖန်နီဟာ မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့ရဲ့ တောင်-အနောက်တောင်ဘက် မိုင် ၁၅၀ ခန့်၊ ဗီဇာကာပတ္တနမ်မြို့ရဲ့ အရှေ့အရှေ့တောင်ဘက် မိုင် ၉၀ ခန့်၊ ဒီဂါမြို့ရဲ့ တောင်-အနောက်တောင်ဘက် မိုင်၂၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသေးလို့ အဝါရောင် အဆင့် သတ်မှတ်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဟာ ဗဟိုချက်လေဖိအား ၉၃၇ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တနာရီလျှင် မိုင် ၁၂၀ နှုန်း ဖြစ်ပါတယ်။

အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေကို ဂိုလ်ပါပူရ်မြို့နဲ့ ချန်ဘာလီမြို့အကြား ပူရီမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားလျော့ကာ၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါ မုန်တိုင်းအရှိန်ကြောင့် ၂ ရက်နေ့ကနေ ၄ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား မှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး အချို့ဒေသတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်၊ လေတိုက်နှုန်းက တနာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၃ ပေလောက် ရှိနိုင်ပါတယ်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်တွေ၊ သင်္ဘောတွေကို ကြိုတင်သတိပြုဖို့ မိုးဇလက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013