DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင်များ မိုးရာသီတွင်ခိုလှုံနေထိုင်နိုင်ရန် ယာယီတဲများလိုအပ်နေ
DVB
·
May 2, 2019
ရခိုင်စစ်ဘေးရှောင်များ မိုးရာသီတွင်ခိုလှုံနေထိုင်နိုင်ရန် ယာယီတဲများလိုအပ်နေ
Donate to DVB

ရခိုင်စစ်ဘေးရှောင်တွေ မိုးရာသီကာလမှာ ခိုလှုံနေထိုင်နိုင်ဖို့ ယာယီတဲတွေ တည်ဆောက်ပေးဖို့ ပြည်ထောင်စုအစိုးရဆီမှာ ရန်ပုံငွေတောင်းခံထားတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူက ပြောပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(အေအေ)တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ဒုက္ခသည်  ၃၀၀၀၀ ကျော်ဟာ နေရေးထိုင်ရေး အဆင်မပြေမှုတွေ ကြုံတွေ့နေကြရပါတယ်။

ဒါကြောင့် ရခိုင်စစ်ဘေးရှောင်တွေအတွက် မိုးရာသီကာလမှာနေထိုင်ရေးအတွက် ယာယီတဲတွေ တည်ဆောက်ပေးဖို့ ပြည်ထောင်အစိုးရဆီမှာ ရန်ပုံငွေတွေတောင်း ခံထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် ကပြောပါတယ်။

ယာယီတဲတွေဆောက်ပေးဖို့ တမြို့နယ်စီကို နှစ်နေရာလျာထားပြီး ဒုက္ခသည် အိမ်ထောင်စုပေါင်း ၇၀၀၀ ကျော်အတွက် ယာယီတဲအိမ် ၇၀၀ ကျော်ကို စီစဉ်ထားတယ်လို့ စည်ပင်ဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။

မိုးတွင်းကာလတွေမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အဆောက်အဦ လိုအပ်ချက်တွေနဲ့ တခြားကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေကို ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တင်ပြထားတယ်လို့ဆိုပါတယ်။

မိုးတွင်းကာလမှာ ဒီလိုအဆောက်အဦဆောက်တဲ့နေရာမှာ လေဒဏ်ခံနိုင်တဲ့ ဒေသထွက် သစ်မာသားတွေနဲ့ အမိုး အကာတွေ ခိုင်ခိုင်လုံလုံတည်ဆောက်ဖို့လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက အကြံပြုပါတယ်။

ဆန်ရိက္ခာနဲ့ ဆေးဝါးတွေကို ဒုက္ခသည်တွေအတွက်ကူညီ ထောက်ပံ့ပေးမယ်ဆိုရင် ပြည်နယ်အစိုးရဆီမှာ ခွင့်ပြုယူပြီး လုပ်ဆောင်ရမယ်လို့ ပြီးခဲ့တဲ့ ဧပြီလမှာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီလိုထုတ်ပြန်ပြီးနောက် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေဟာ အရင်ထက် လျော့နည်းလားပြီး တချို့ဒုက္ခသည်စခန်း တွေမှာဆိုရင် စားနပ်ရိက္ခာ ပြတ်တောက်မှုတွေရှိလာတယ်လို့ ရခိုင်အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကပြောပါတယ်။

ဝဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013