DVB Logo
Home
သတင်းတို
ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်ကို ကေအန်ယူ သုံးသပ်ဆွေးနွေးမည်
DVB
·
October 31, 2012
ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်ကို ကေအန်ယူ သုံးသပ်ဆွေးနွေးမည်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံးရဲ့ နှစ်ပတ်လည် ဗဟိုကော်မတီ ပုံမှန်အစည်းအဝေးမှာ ကေအန်ယူနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဖော်ဆောင်မှုအပါအ၀င် ၁ နှစ်အတွင်း အဖွဲ့လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေး အစရှိတဲ့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ် ဆွေးနွေးကြမယ်လို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တဦးက ပြောပါတယ်။

ကေအန်ယူ ထိန်းချုပ်ရာ ဘားအံခရိုင် လေးဝါးစခန်းမှာ ဒီနေ့ ကျင်းပနေတဲ့ ကေအန်ယူ ဗဟိုကော်မတီအစည်းအဝေးဟာ ၄ ကြိမ်မြောက် ဖြစ်ပြီး သီတင်း ၁ ပတ်ကြာ ကျင်းပဖို့ရှိနေပါတယ်။

အစည်းအဝေးမှာ မကြာသေးခင်ကမှ တာဝန်ဖယ်ရှားခံရတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ဗဟိုကျန်းမာရေးနဲ့ လူမှုကယ်ဆယ်ရေးတာဝန်ခံ ဗိုလ်မှူး ရောဂျာခင်တို့လည်း  မူလရာထူးအတိုင်း ပြန်လည်တက်ရောက်ပါတယ်။

ဒီအစည်းအဝေးပြီးရင်တော့  ၁၅ ကြိမ်မြောက် ကွန်ဂရက်ကို ဒီနှစ် မကုန်ခင်မှာ ကျင်းပဖို့ရှိပြီး အဲဒီကွန်ဂရက်မှာ မူဝါဒဆိုင်ရာအပြောင်းအလဲနဲ့ ရာထူးသစ်၊ နေရာသစ်တွေ ပြန်လည်ရွေးချယ် မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013