DVB Logo
Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်းဖန်နီ ၄၈ နာရီအတွင်း သြရိဿကမ်းခြေကို ၀င်မည်ဟု မိုးဇလခန့်မှန်း
DVB
·
May 2, 2019
ဆိုင်ကလုန်းမုန်တိုင်းဖန်နီ ၄၈ နာရီအတွင်း သြရိဿကမ်းခြေကို ၀င်မည်ဟု မိုးဇလခန့်မှန်း
Donate to DVB

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းခြေကို ၀င်ရောက်မယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI) ဟာ မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပြီး အိန္ဒိယနိုင်ငံ ဂိုလ်ပါပူရ်မြို့နဲ့ ချန်ဘာလီမြို့အကြားမှ သြရိဿကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့ လျားမယ့် အခြေအနေမရှိသေးလို့ အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းရဲ့ ဗဟိုချက်လေဖိအား ၉၅၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တနာရီ ၁၁၅ မိုင်နှုန်း ဖြစ်ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မေ ၂ ရက်ကနေ ၄ ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ကာ လှိုင်းကြီးပြီး တနာရီ လျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့် ၁၀ ပေမှ ၁၃ ပေခန့် ရှိနိုင်ပါတယ်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်တွေ၊ သင်္ဘောတွေကို ကြိုတင်သတိပြုဖို့ မိုးဇလက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013