DVB Logo
Home
မြန်မာသတင်း
မဏိပူရမြစ်ထဲ ရေဆင်းချိုးရာမှ ကလေးငယ် ၃ ဦး ရေနစ်သေဆုံး
DVB
·
May 2, 2019
မဏိပူရမြစ်ထဲ ရေဆင်းချိုးရာမှ ကလေးငယ် ၃ ဦး ရေနစ်သေဆုံး
1 / 2
Donate to DVB

ချင်းပြည်နယ် ဖလမ်းမြို့အနီး ဗါးရ်ကျေးရွာအနီးရှိ မဏိပူရမြစ်ထဲ အင်္ဂလိပ် စကားပြော သင်တန်းသား/သူတွေ မနေ့မနက်က သင်္ဘောနဲ့  ပျော်ပွဲစားထွက်ပြီး ရေဆင်းချိုးရာမှ ၃ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဖလမ်းမြို့ပြန်/ဆက်ဌာနက သတင်းထုတ်ပါတယ်။

ဖြစ်စဉ်မှာ ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်မှာ ဖွင့်လှစ်တဲ့ Modern English for Chin New Generation(MECNG)မှာ အင်္ဂလိပ်စကားပြောသင်တန်း တက်ရောက်နေတဲ့ သင်တန်းသား/သူ ၂၉ ဦးတို့ဟာ သင်တန်းဆရာ ဦးဆောင်ပြီး မဏိပူရ်မြစ်ကို မေ ၁ ရက် မနက် ၉ နာရီက ဖလမ်းမြို့ကနေ မော်တော်ယာဉ်နဲ့ ပျော်ပွဲစားထွက်ခဲ့ကြတာပါ။

မဏိပူရမြစ်မှာ မနက် ၁၁ နာရီခွဲလောက်က ရေဆင်းချိုးသူတွေအနက် မောင်နိုင်လျန်ဆန်း အသက် ၉ နှစ်၊ မောင်ဂျိုအဲလ်ငွန်လှယ်ထန်း အသက် ၁၂ နှစ်၊ မောင်လာလ်ထကိမ်း အသက် ၁၀ နှစ်တို့ ရေစီးနဲ့ မျောပါ နှစ်မြုပ်သေဆုံးခဲ့တာပါ။

ရေနှစ်မြုပ် သေဆုံးသူတွေကို ဖလမ်းမြို့ မြို့မရဲစခန်း ဒုစခန်းမှူး ရဲအုပ်ငွေစိုးနဲ့ တပ်ဖွဲ့ဝင်တွေ၊ ဖလမ်းခရိုင်မီးသတ်ဦးစီးမှူး ဦးစာရုံမန်းနဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အနီးနားရှိ ကျေးရွာတွေမှ ပြည်သူတွေက ၀ိုင်းဝန်း ရှာဖွေဆယ်ယူနိုင်ခဲ့ပြီး အလောင်းတွေကို ဖလမ်းမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရပါတယ်။

ဓာတ်ပုံ- Salai Lungpui Memo

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013