DVB Logo
Home
မြန်မာသတင်း
တရားရုံးအမိန့်ကို မကျေနပ်၍ ကျောက်ကြီးမြို့မရဲစခန်းရှေ့ လူအများ စုရုံးရောက်လာ
DVB
·
May 1, 2019
တရားရုံးအမိန့်ကို မကျေနပ်၍ ကျောက်ကြီးမြို့မရဲစခန်းရှေ့ လူအများ စုရုံးရောက်လာ
Donate to DVB

ပဲခူးတိုင်း၊ ကျောက်ကြီးနယ်မြို့မှာ တရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကို မကျေနပ်လို့ ဧပြီ ၃၀ရက်ညပိုင်းက ရဲစခန်းရှေ့မှာ လူတွေလာရောက်စုရုံးခဲ့ကြလို့ တရားခံကို ပို့ဆောင်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ကျောက်ကြီးမြို့မရဲစခန်း တာဝန်ရှိသူ တဦးကပြောပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်အတက်နေ့က ကေအန်ယူ တပ်ဖွဲ့ဝင်မောင်းနှင်လာတဲ့ကားကို လူငယ်တချို့က ဝိုင်းဝန်းရိုက်နှက်ဖျက်ဆီးခဲ့တဲ့အပေါ် ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့တဲ့အမှုကို ကျောက်ကြီးမြို့နယ် တရားရုံးက စစ်ဆေးပြီး ဧပြီ၃၀ရက်မှာ လူငယ် ၁၄ ဦးကို ထောင်ဒဏ် ၄ လစီ ချမှတ်ခဲ့တာပါ။

ဒါနဲ့ ပတ်သက်လို့ မိသားစုတွေက ကျေနပ်မှုမရှိတာကြောင့် လာရောက် စုရုံးခဲ့ကြတာဖြစ်တယ်လို့ ကျောက်ကြီး ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

"အဓိကကတော့ တရားသူကြီးကို မကျေနပ်တာက ရဲစခန်းဘက်ကို ရောက်လာတာပါ။ အမှုကလည်း ဒီနေ့တရားစွဲဒီနေ့ပဲ ဖြတ်လိုက်တာပါ။ သူတို့ကိုတော့ နားလည်အောင် ရှင်းပြပါ တယ်။ စခန်းရှေ့မှာ တားဆီးတာတွေ ပိတ်ပင်တာတွေလုပ်ရင် ဥပဒေအရ အရေးယူခံရမယ် ဆိုတာကို ရှင်းပြပါတယ်။ ထောင်ကျတဲ့သူတွေကို ထောင်ပို့ရမယ် ဒါကို တားဆီး  ပိတ်ပင်ရင် အပြစ်ဖြစ်မယ်ဆိုတာကို ရှင်းပြလိုက်ပါတယ်"

ရဲစခန်းကို လာရောက်ကြတဲ့ အဆိုပါလူစုမှာ လူဦးရေ ၅၀လောက် ပါဝင်ပြီး ည ၁၂ နာရီလောက်မှာ လူစုခွဲသွားခဲ့ကြပြီး တရားခံတွေကိုလည်း သက်ဆိုင်ရာ အကျဉ်းထောင်သို့ ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

သတင်း- ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013