DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်​မြို့တွင်​ ​မြေသိမ်းဆည်းခံ​မြေပြန်​ရရှိ​ရေး တောင်သူများဆန္ဒပြ​တောင်းဆို
DVB
·
May 1, 2019
ဆီဆိုင်​မြို့တွင်​ ​မြေသိမ်းဆည်းခံ​မြေပြန်​ရရှိ​ရေး တောင်သူများဆန္ဒပြ​တောင်းဆို
1 / 4
Donate to DVB

ပအိုဝ်းကိုယ်ပိုင်အိုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်မှာ တပ်မေ​တာ် ​ခမရ ၄၂၃နဲ့ ခမရ ၄၂၄ တပ်ရင်းတွေက သိမ်းဆည်းထားတဲ့ လယ်မြေတွေ ပြန်​ရရှိဖို့ ​မေ ၁ ရက်​​နေ့ အလုပ်​သမား​နေ့မှာ လမ်းလျှောက်ဆန္ဒပြ ​ တောင်းဆိုကြပါတယ်​။

စိုက်​ပျိုးရာသီ​ရောက်​​တော့မှာ ဖြစ်လို့  ​မြေယာပြန်​ရရှိရေးအတွက် ​တောင်​သူ အင်​အား ၃၀၀ ​ကျော်​က ဆန္ဒပြကြတာပါ။

မြေသိမ်းခံ​တောင်​သူ ဦးကြည်​ဟန်​က “ကျ​နော်​တို့က ​မြေနဲ့ အသက်​​မွေးဝမ်း​ကြောင်းပြု​နေတာ​မြေမရှိရင်​အသက်​မရှင်​နိုင်​ဘူး၊ ဘိုးဘွားလက်​ထက်​ ကတည်းက လုပ်​လာခဲ့တာ၊ ဒီနှစ်​ သူတို့​ပေးမလုပ်​ဘူးဆိုရင်​ ဒုက္ခ​ရောက်​ကုန်​မှာ၊ အဲ့ဒါကြောင့်​ လူကြီး​တွေလာ​ရောက်​ စစ်​​ဆေး​စေချင်​တဲ့အတွက်​ ဆန္ဒပြတောင်း ဆိုတာပါ” လို့ ပြောပါတယ်​။

အဲဒီ​မြေဟာ ၁၉၉၁ ခုနှစ်ကတည်းက သိမ်းဆည်းထားတာဖြစ်​ပြီး ​တောင်​သူ​တွေက သီးစားချ လုပ်​ကိုင်​ခဲ့ကြပြီး ၂၀၁၀ ​နောက်​ပိုင်း သီးစားချမ​ပေးရဘဲလုပ်​ကိုင်​လို့ရ​ပေမယ့် ဒီနှစ်မှာ လုပ်​ကိုင်​လို့မရ​တော့ဘူးဆိုတဲ့အတွက်​ ဆန္ဒပြ​တောင်းဆို တာဖြစ်​ပါတယ်​။

ပအိုဝ်း​တောင်​သူလယ်​သမားသမဂ္ဂအဖွဲ့ဝင်​ ခွ​န်​​ကျော်​​ဆွေက “ဒီ​မြေထဲစိုက်​ပြီး ထွက်​လာတဲ့ စိုက်​ပျိုး​သီး​နှံတွေကို ကျန်းမာ​ရေး ပညာ​ရေး စားဝတ်​​နေ​ရေး ​တွေ​ဖြေရှင်း​ပေး​နေတာ။ သူတို့ ပြန်​မစွန့်​လွှတ်​ဘူးဆိုရင်​ ​တောင်​သူ​တွေ အနာဂတ် မဲ့သွား​တာ​ပေါ့” လို့ ​ပြောပါတယ်​။

တောင်ကြီး-လွိုင်ကော် ပြည်​ထောင်စုလမ်းမ​​​ အနောက်ဘက်က သိမ်းဆည်းခံရတဲ့ မြေဧက ၁၉၀၀ အပြင် လမ်းမအရှေ့ဘက်ဧက ၅၀၀ ရှိတောင်သူတွေကလည်း ​မြေပြန်​ရရှိ​ရေး အဆင့်ဆင့် စာတင်ထား ပေမယ့်လည်း ထူးခြားမှုမရှိတဲ့အတွက်​ ဆန္ဒပြရတာလို့ တောင်သူတွေက ဆိုပါတယ်။

ဆန္ဒပြပွဲမှာ ဆီဆိုင်မြို့နယ် အတွင်း ဟိုခဲရပ်ကွက်(နောင်လုံ)၊ မြကန်သာရပ်ကွက်၊ သီရိရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ ကောင်းမူဗွာရွာ၊ ထီမန်းရွာ၊ ကောင်တောင်ရိုးရွာ စတဲ့ သိမ်းဆည်းခံ တောင်သူ​တွေ ပါဝင်ခဲ့ကြပါတယ်။

သတင်း- ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013