DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားနေ
DVB
·
May 1, 2019
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားနေ
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားနေပြီး ကျေးရွာ ၈ ရွာခန့်မှာ ကူးစက်ပြန့်ပွားတယ်လို့ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့က ပြောပါတယ်။

ဖာပွန်ခရိုင်က လူသောနဲ့ ဘူးသိုမြို့နယ်တွေက ကရင်ကျေးရွာ ၈ ရွာမှာ ဧပြီလဆန်းပိုင်းက စပြီး  ရောဂါဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ ကူးစက်ပြန့်ပွားနေတယ်လို့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့ ဖာပွန်ဒေသတာဝန်ခံ စောဖိုးအေးက ပြောပါတယ်။

“ကျနော်တို့ လူသောမြို့နယ်က ကျေးရွာ ၄ ရွာ လူဦးရေ ၄၇ ယောက်ဖြစ်နေတယ်။ ဘုသိုမြို့နယ်မှာဆိုရင်လည်း  ကျေးရွာ ၄ ရွာက လူ ၄၀ လောက်ဖြစ်နေတယ်။ အဖြစ်များတာ ကတော့ ၁၂နှစ် ၁၃ နှစ်အောက်ကလေးအဖြစ်များတယ်။”

ရောဂါဖြစ်စမှာ ကိုယ်အရမ်းပူတာ၊ နှာစေး၊ ချောင်းဆိုး၊ မျက်စိနီ၊ တချို့ကျတော့ ၀မ်းသွားတာ၊ အန်တာတွေဖြစ်ပြီး သုံးလေးရက်ကြာလာရင် ခန္ဓာကိုယ်မှာ အဖုသေးသေးလေး တွေ ထွက်လာတတ်ပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ်ပူကျပြီး နေပြန်ကောင်းကြ တယ် လို့လည်း သိရပါတယ်။

လတ်တလော နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့က ကွင်းဆင်း ကုပေးနေပြီး တခြားအန်ဂျီအိုအဖွဲ့တွေကတော့ ဆေးဝါးထောက်ပံ့မှုတွေ ရှိပေမယ့် လုံလောက်မှု မရှိဖြစ်နေပါတယ်။

ဒါကြောင့် ၀က်သက်ရောဂါ ကာကွယ်ဆေးနဲ့ ကုသမှုပိုင်းမှာလည်း ဆက်စပ်တဲ့ ဆေးဝါးတွေ အကူအညီလိုအပ်နေတယ်လို့လည်း စောဖိုးအေးက ပြောပါတယ်။

ဖာပွန်ခရိုင်အတွင်း ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလတုန်းကလည်း ဝက်သက်ရောဂါဖြစ်ပွား မှုကြောင့်ကျေးရွာ ပေါင်း ၁၅ ရွာ၊  ကလေး ၃ဝဝ လောက်ကူးစက်ရောဂါဖြစ်ခဲ့ပြီး ၂ ဦး သေဆုံးခဲ့ပါ တယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013