DVB Logo
Home
မြန်မာသတင်း
မီးထဲတိုးမယ့်အချစ်သီချင်းဖြင့် အမိုက်စား ယှဉ်ပြိုင်ခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင် A ဒေးနှင့် ပန်ပန်ကြေးမုံ(ရုပ်သံ)
DVB
·
May 1, 2019
မီးထဲတိုးမယ့်အချစ်သီချင်းဖြင့် အမိုက်စား ယှဉ်ပြိုင်ခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင် A ဒေးနှင့် ပန်ပန်ကြေးမုံ(ရုပ်သံ)
Donate to DVB

    “တားဆီးလို့မရနိုင်အောင် ချစ်လိုက်ကြ… အိုး.. ဟိုး.. မှားယွင်းလို့သွားကြမှာလား လေ… မီးထဲတိုးဆိုးပါစေ ချစ်လိုက်ကြ… အိုး.. ဟိုး.. ဝေဖန်တာခံနိုင်တဲ့အား... ဘယ်လို လဲ.. နောက်ဆုတ်မလား... အနက်ရှိုင်းဆုံး ဆင်းသက်ကြမလား”

    ဒါကတော့ မီးထဲတိုးမယ့်အချစ် အမည်ရတဲ့ သီချင်းစာသားတွေဖြစ်ပြီး နာမည်ကြီး တေးသံရှင်တွေဖြစ်ကြတဲ့ အဆိုတော် R.ဇာနည်နဲ့ တင်ဇာမော်တို့က စုံတွဲသီဆိုထားကြ ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သီချင်းတပုဒ်ပါ။

    ခုတခါမှာတော့ ဒီသီချင်းကို The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ စင်မြင့် ထက်မှာ ပြိုင်ပွဲဝင် A ဒေးနဲ့ ပန်ပန်ကြေးမုံတို့ရဲ့ သီဆိုမှုပုံစံသစ်နဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

    “ဟေး.. မွန်းကြပ်တဲ့ တို့လှောင်အိမ်ဖျက်လိုက်ကြ… ၀ိုး..အိုး.. ဂရုမစိုက်တဲ့ အချစ် က တို့အားလေ… အချစ်ပြည့်တဲ့ပင်လယ်မှာ ကူးလိုက်ကြ… ၀ိုး..အိုး.. ကြင်နာမယ် လေဆန်တဲ့ကြား... ယုံကြည်လိုက်.. တို့အချစ်အား... အပူပြင်းဆုံး အေးမြလို့သွား”

    The Best Of Melody World၊ ငြိမ်းချမ်းရေးဂီတပွဲတော် စတဲ့ သီချင်းဆိုပြိုင်ပွဲ တွေမှာလည်း သီဆိုယှဉ်ပြိုင်မှု အတွေ့အကြုံများတဲ့ A ဒေးဟာ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Blind Audition မှာတော့ အဆိုတော် သာဒီးလူရဲ့ ဘီးကြဲသီချင်းနဲ့ အ မိုက်စားသီဆိုပြီး နောက်တဆင့် တက်ရောက်လာခဲ့သူဖြစ်ပြီး The Best of Melody World တေးသံရှင်ဖြစ်တဲ့ ပန်ပန်ကြေးမုံကတော့ အဆိုတော် တင်ဇာမော်ရဲ့ ပုထုဇဉ်သီ ချင်းနဲ့ အကောင်းဆုံးသီဆိုပြီး ယှဉ်ပြိုင်ခဲ့ကြတာပါ။

    လတ်တလောမှာတော့ သူတို့ ၂ ယောက်စလုံးဟာ Coach R. ဇာနည်ရဲ့ Team ထဲမှာ ရှိနေခဲ့ပြီး မီးထဲတိုးမယ့်အချစ်သီချင်းနဲ့ အပြိုင်ကြဲသီဆိုယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါ တယ်။

    သီချင်းသံစဉ်အနိမ့်အမြင့်၊ ပုံစံနဲ့ အမျိုးအစားဟာ အဆိုပညာစွမ်းပြရမယ့် သီချင်းမျိုး ဖြစ်နေပြီး A ဒေးနဲ့ ပန်ပန်ကြေးမုံတို့ကလည်း အဆိုပြိုင်ပွဲ အတွေ့အကြုံရှိပြီးသူတွေ ဖြစ်တာမို့ လက်ရည်တူနေပြီး မြိုင်ဆိုင်နေခဲ့တာကို တွေ့ရပါတယ်။

    “ဒါဟာ အကြင်နာအင်အားတွေ… ထွေးပွေ့လိုက် အဆိပ်နဲ့အချစ်များ... အရာရာ လွန်ကုန်ပြီ အချစ်ရေ… ဆူးစူးလည်း ရှေ့ဆက်လို့သွား... မျှော်လင့်ခြင်းများ ပျက်စီးသွား မလား… ကံကြမ္မာဆိုးက တိုက်စားသွားမလား.. ကြိုတင်ကာမမြင်ချင်ဘူး ဒီမှာလေ ငါတို့ ရူး… မီးထဲ တိုးမယ့်အချစ်များ... မီးထဲ တိုးမယ့်အချစ်များ... မီးထဲ တိုးမယ့်အချစ်များ”

    သီချင်းတပုဒ်လုံး သီဆိုယှဉ်ပြိုင်မှုအပြီး သူတို့ ၂ ယောက်တည်းက ပြန်ပြီးရွေးချယ် ရချိန်မှာတော့ Coach R. ဇာနည်က ပန်ပန်ကြေးမုံကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

    ဒါပေမယ့် သိပ်မကြာခင်မှာပဲ A ဒေးကို Coach တဦးဖြစ်တဲ့ နီနီခင်ဇော်က Steal လုပ်ပြီး ထပ်မံရွေးချယ်ကာ ၂ ယောက်စလုံး နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013