DVB Logo
Home
မြန်မာသတင်း
ရာသီဥတုပူပြင်းပြီး မိုးခေါင်သဖြင့် စစ်ကိုင်းတွင် လွန်ဆွဲ၍ မိုးခေါ်
DVB
·
May 1, 2019
ရာသီဥတုပူပြင်းပြီး မိုးခေါင်သဖြင့် စစ်ကိုင်းတွင် လွန်ဆွဲ၍ မိုးခေါ်
1 / 7
Donate to DVB

မြန်မာပြည်အလယ်ပိုင်းဒေသမှာ ရာသီဥတုပူပြင်းပြီး မိုးခေါင်တဲ့အတွက် ဧပြီ ၂၉ရက်က စတင်ကာ စစ်ကိုင်းမြို့မှာ လွန်ဆွဲပွဲ ပြုလုပ်ခဲ့ကြပါတယ်။

လွန်ဆွဲပွဲကို အထက်တကောင်းရပ်ကွက်မှာ ကျင်းပခဲ့ပြီး လွန်ဆွဲပွဲ မစတင်မီ ဆရာတော်၊ သံဃာတော်တွေက ငါးရံ့မင်းပရိတ်ကို ရွတ်ဖတ်ပူဇော်ကာ ရိုးရာဓလေ့အရ နတ်မင်းတွေကို ပင့်ဖိတ်ပြီး လွန်ဆွဲပွဲကို ကျင်းပခဲ့တာပါ။

လွန်ဆွဲရာမှာ အထက်တကောင်းရပ်ကွက်ကနေ စတင်ကျင်းပရပြီး သုံးရက်ကနေ ငါးရက်ကြာတဲ့အထိ မိုးမရွာမချင်း လွန်ဆွဲကြတယ်လို့လည်း သိရပါတယ်။

လွန်ဆွဲတဲ့ သုံးရက်ကနေ ငါးရက်အတွင်း မိုးရွာသွန်းတယ်လို့လည်း ဒေသခံတွေက ယုံကြည်ကြပါတယ်။ မိုးရွာသွန်းမှု မရှိသေးပါကလည်း စစ်ကိုင်းမြို့ပေါ်က အခြားရပ်ကွက် ငါးခုခန့်မှာပါ လွန်ဆွဲပွဲပြုလုပ်ကြမယ်လို့ လည်းပွဲစီစဉ်သူတွေက ပြောပါတယ်။

မိုးခေါင်ရင် လွန်ဆွဲကာ မိုးခေါ်တဲ့ ရိုးရာဓလေ့ထုံးတမ်းအရ လွန်ဆွဲကြတာဖြစ်တယ်၊ အခုနှစ်မှာ မိုးခေါင်ပြီး ရာသီဥတု အပူလွန်ကဲတဲ့အတွက် သက်ကြီးရွယ်အိုတွေ၊ နာမကျန်းသူတွေ အခက်အခဲ ရှိတယ်လို့ အထက်တကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟန်ရှိန်က ပြောပါတယ်။

လွန်ဆွဲတဲ့ ဓလေ့ဟာ ပုဂံခေတ်ကနေ စတင်လုပ်ဆောင်ခဲ့တဲ့ အလေ့အထ ဖြစ်တယ်လို့ လည်း  ရဲပဒိုင်ကျောင်းတိုက်က ပရိတ်ချည် ရွှေပုတီးဆရာတော် ဦးနာဂဝံသက မိန့်ပါတယ်။

စစ်ကိုင်းမှာ ပြီးခဲ့တဲ့ ၂နှစ်လောက်က ရာသီဥတု အခြေအနေအရ လွန်ဆွဲပွဲပြုလုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013