DVB Logo
Home
မြန်မာသတင်း
အလုပ်သမား ရပိုင်ခွင့်များအတွက် ရန်ကုန်တွင် အလုပ်သမားများဆန္ဒပြ
DVB
·
May 1, 2019
အလုပ်သမား ရပိုင်ခွင့်များအတွက် ရန်ကုန်တွင် အလုပ်သမားများဆန္ဒပြ
1 / 5
Donate to DVB

မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ အလုပ်သမား ၆၀၀ ကျော်က ရန်ကုန်မြို့ထဲ  စီတန်းလှည့်လည်ချီတက်ပြီး အလုပ်သမားရပိုင်ခွင့် အခွင့်အရေးတွေကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ၀န်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MISC)၀င် အလုပ်သမား ၆၀၀ ကျော် ကြွေးကြော်သံတွေနဲ့ ချီတက် ဆန္ဒပြကြတာဖြစ်ပြီး အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေနဲ့ပတ်သတ်တဲ့ လက်ကမ်းစာစောင်တွေကိုလည်း လိုက်လံဖြန့်ဝေခဲ့ ပါတယ်။

အလုပ်သမားဥပဒေတွေ ပြင်ဆင်တဲ့အခါမှာ အလုပ်သမားတွေရဲ့သဘောဆန္ဒတွေကို အစိုးရအနေနဲ့ နားထောင်ပြီး ထည့်သွင်းရေးဆွဲပေးဖို့ လိုတယ်လို့ တိုင်းရင်းသားအခြေခံ အလုပ်သမား အဖွဲ့အစည်းဝင် တာဝန်ရှိသူတဦးက ပြောပါတယ်။

ဆန္ဒပြရမှာလုပ်ခလစာ တနှစ်တကြိမ် ပြန်လည်သုံးသပ်ပြင်ဆင်ပေးရေး၊ အလုပ်သမားတရားရုံး အမြန်ဆုံး ပေါ်ပေါက်ရေး၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်နည်းဥပဒေကို အမြန်ဆုံးပြင်ဆင်ပေးရေး၊ သမဂ္ဂဖြိုခွဲမှု တွေကို ထိရောက်စွာအရေးယူပေးရေး၊ အလုပ်သမား ဥပဒေပြင်ဆင်ရေးဆွဲရာမှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို ထည့်သွင်းရေးဆွဲပေးရေး စတဲ့အချက်တွေနဲ့ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

နေလင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013