DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အလုပ်အကိုင်အခွင့်အလမ်းများလာဟု  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော
DVB
·
May 1, 2019
ရန်ကုန်တွင် အလုပ်အကိုင်အခွင့်အလမ်းများလာဟု  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော
Donate to DVB

ရန်ကုန်မြို့ဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာတဲ့အတွက် နိုင်ငံတကာကို သွားပြီး အလုပ်လုပ်တဲ့သူတွေတောင် ပြန်လာတာတွေရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။  

ဒီကနေ့ မနက်က လှိုင်သာယာမြို့နယ် ဘောလုံးကွင်းမှာပြုလုပ်တဲ့  ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကအခုလို ပြောဆိုခဲ့တာပါ။

ဒါ့အပြင် အလုပ်သမားတွေရဲ့ဘဝ တိုးတက်ရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဟာ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုက်ရိုက်ဆက်သွယ်နေတာကြောင့် အလုပ်သမားသမဂ္ဂ တွေနဲ့လည်း ရှေ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ညှိနှိုင်းသွားမှာဖြစ်တယ်လို့ လည်းပြောပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလုပ်သမားတွေရဲ့ဘဝကို မြှင့်တင်ပေးပြီး ကုန်ထုတ်လုပ်မှုတွေ တိုးတက်အောင်လုပ်ဆောင်ရမှာဖြစ်သလို ထုတ်ကုန်တွေကို နိုင်ငံတကာကို တင်ပို့နိုင်အောင် လုပ်ဆောင်ရမယ်လို့လည်း ပြောဆိုပါတယ်။

ဒီအတွက် အလုပ်သမားအခွင့်အရေးတွေကိုကာကွယ်ပြီး အလုပ်သမားပြဿနာတွေကို အမြဲတမ်းဖြေရှင်းပေးသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။

၁၂၉ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုတဲ့အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ပြီး အလုပ်သမား ၇၀၀၀ ဝန်းကျင်နဲ့ လှိုင်သာယာမြို့နယ် အောင်မြေသာယာဘောလုံးကွင်းမှာ ဒီမနက်က အခမ်းအနား ကျင်းပပါတယ်။

အလုပ်သမားတွေအနေနဲ့တော့ ဒီနေ့အချိန်ထိ အလုပ်သမားအခွင့်အရေးတွေပြည့်ပြည့်ဝဝ မရရှိသေးလို အလုပ်သမားသမဂ္ဂဖွဲ့စည်းရေးခွင့်မရတာတွေလည်း ရှိနေတယ်လို့  ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ကိုမင်းမင်းလတ်က ပြောပါတယ်။

၂၀၁၈ ဧပြီ ၁ ရက်ကနေ ၂၀၁၉ ဖေဖော်ဝါရီ ၂၈ ရက်အထိ အစိုးရဌာနဆိုင်ရာတွေမှာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၉၀၀၀ ကျော်နဲ့ ပုဂ္ဂလိက ကဏ္ဍမှာ ၂၁၀၀၀၀ ကျော်အလုပ်အကိုင် ရရှိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၂၆၉ ခုကနေ နိုင်ငံပေါင်း ၉ နိုင်ငံကို အလုပ်သမားပေါင်း၂၂၈၀၀၀ ကျော်စေလွှတ်နိုင်ခဲ့တယ် လို့လည်း ထုတ်ပြန်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်နေတဲ့သူတွေလည်း သန်းနဲ့ချီရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013