DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတောင်က သတ္တုတွင်းအလုပ်သမားများ မေဒေးနေ့ အခမ်းအနားကျင်းပ
DVB
·
May 1, 2019
လက်ပံတောင်းတောင်က သတ္တုတွင်းအလုပ်သမားများ မေဒေးနေ့ အခမ်းအနားကျင်းပ
1 / 5
Donate to DVB

မေလ ၁ ရက်၊ မေဒေး ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်  လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း၊ စံပယ်၊ ကြေးစင်စီမံကိန်းက သတ္တုတွင်းအလုပ်သမားတွေစုပေါင်းကာ မိုင်းမြို့ ဘောလုံးကွင်းမှာ ကျင်းပပါတယ်။

ဒီအခမ်းအနားကို တိုင်းအစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီးဦးမြင့်ကြည်၊ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေ၊ မန္တလေး၊ မုံရွာတို့က ဆောက်လုပ်ရေးနဲ့ သစ်အခြေခံအလုပ်သမားသမဂ္ဂတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် တိုင်းအလုပ်သမားဦးစီးဌာနက တာဝန်ရှိသူကလည်း နိုင်ငံတော်သမ္မတရဲ့ အလုပ်သမားနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားဦးရေ ၂၂ သန်းကျော်ရှိပြီး တရားဝင်မှတ်ပုံတင် ဆောင်ရွက်နေတာက ၂ သိန်းကျော်သာရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း အလုပ်ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကိုလည်း ပြဋ္ဌာန်းထားပါတယ်။

လက်ရှိမှာတော့ အလုပ်ခွင် မတော်တဆမှုတွေလည်း ရှိနေသလို အလုပ်သမားတွေ အတွက် သွားလာကြိုပို့စနစ်၊ မိသားစု ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်ချိန်၊ လုပ်ခ၊ လုပ်ငန်းကျွမ်းကျင်မှုအလိုက် ရာထူးတိုးမြှင့်မှု စတဲ့ကဏ္ဍတွေမှာ လိုအပ်ချက်တွေရှိနေဆဲ ဖြစ်ပါတယ်။

ယင်းမာပင်ခရိုင်အတွင်းက ကြေးနီသတ္တုတွင်းလုပ်ငန်းတွေမှာတော့ နိုင်ငံခြားသားနဲ့ နိုင်ငံသား အလုပ်သမားခွဲခြားမှုတွေလည်း ရှိနေပါသေးတယ်။ သတ္တုတွင်းအလုပ်သမားတွေရဲ့ မေဒေးနေ့အခမ်းအနားမှာတော့ ကျားမအပေါ်အခြေခံပြီး ခွဲခြားမှု၊ အကြမ်းဖက်မှုတွေ မလုပ်ဖို့ စတစ်ကာကမ်ပိန်းကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းက ဝမ်ပေါင်ကုမ္ပဏီအတွင်း စားဖိုချောင်ဝန်ထမ်း မြန်မာအမျိုးသမီးကို နှိပ်စက်ညှဉ်းပမ်းမှုနဲ့ တရားစွဲဆိုတာတွေရှိခဲ့ပြီး တရုတ်နိုင်ငံသားကို မုံရွာတရားရုံးက ငွေဒဏ် ကျပ် ၅ သိန်းချမှတ်ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

အလုပ်သမားတွေနဲ့ပတ်သက်ပြီး လွှတ်တော်ကလည်း ပြင်ဆင်သင့်တဲ့ ဥပဒေတွေ ပြင်ဆင်တာ၊ အသစ်ပြဋ္ဌာန်းသင့်တဲ့ ဥပဒေတွေပြဋ္ဌာန်းနေသလို အစိုးရကလည်း ဥပဒေတွေနဲ့အညီ ကြပ်မတ်စစ်ဆေးဖို့လိုတယ်လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013