DVB Logo
Home
မြန်မာသတင်း
မေဒေးနေ့အထိမ်းအမှတ် မန္တလေးတွင် အလုပ်သမားများဆန္ဒပြ
DVB
·
May 1, 2019
မေဒေးနေ့အထိမ်းအမှတ် မန္တလေးတွင် အလုပ်သမားများဆန္ဒပြ
1 / 3
Donate to DVB

၁၂၉ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ် မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ဦးဆောင်ပြီး မန္တလေးမြို့မှာ အလုပ်သမားတွေ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားဥပဒေတွေ ပြင်ဆင်တာနဲ့ ရေးဆွဲတဲ့အခါမှာ အလုပ်သမားတွေရဲ့ အသံတွေကို နားထောင်ထည့်သွင်းပေးဖို့လိုအပ်တယ်လို့လည်း မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ အလုပ်သမားတွေရဲ့ ဘဝရပ်တည်ရေးခိုင်မာစေဖို့ အလုပ်သမားသမဂ္ဂတွေရဲ့ တောင်းဆိုချက်တွေဟာ ဘာတခုမှ ရရှိတာ မရှိဘူးလို့လည်း သူက ပြောပါတယ်။

အစိုးရအနေနဲ့ အလုပ်သမားလူတန်းစားရဲ့ ဆန္ဒကိုလျစ်လျူရှုထားပြီး အလုပ်ရှင်တွေ ဘက်က တောင်းဆိုမှုတွေကိုသာ ဖြည့်ဆည်းပေးနေတယ်လို့လည်း အလုပ်သမားသမဂ္ဂ ခေါင်းဆောင် တွေက ဝေဖန် ပြောပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ အနည်းဆုံးလုပ်ခလစာကို တနှစ်တကြိမ် ပြင်ဆင်သတ်မှတ်ပေးရေး၊ ILO ပြဋ္ဌာန်းချက် အမှတ် ၉၈ကို အစိုးရက လက်မှတ်ရေးထိုးပေးရေး၊ အလုပ်သမား တရားရုံး အမြန်ဆုံးပေါ်ပေါက်ရေး၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် နည်းဥပဒေကို အမြန်ပြန်လည်ပြင်ဆင် ပေးရေး၊ သမဂ္ဂဖြိုခွဲမှုတွေကို ထိရောက်စွာ အရေးယူပေးရေးဆိုတဲ့ အချက်တွေကို အလုပ်သမားတွေက တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျန်စစ်သားလမ်းနဲ့ လမ်း ၆၀ ထောင့်မှာရှိတဲ့ (MICS-TUsF)အထက်မြန်မာပြည်ရုံးကနေ စက်မှုဇုန်ကနောင်ခမ်းမ အထိ စီတန်းချီတက်ခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ရန်ကုန်နဲ့ မန္တလေးက အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေက အလုပ်သမားအင်အား ၃၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013