DVB Logo
Home
မြန်မာသတင်း
စစ်တိုင်း ၅ တိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားရန် အချိန်၂ လတိုးမြှင့်သတ်မှတ်
DVB
·
May 1, 2019
စစ်တိုင်း ၅ တိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားရန် အချိန်၂ လတိုးမြှင့်သတ်မှတ်
Donate to DVB

စစ်တိုင်းဒေသကြီး ၅ ခုမှာ  စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားဖို့ နောက်ထပ် ၂ လတိုးမြှင့် သတ်မှတ်လိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၃၀ ရက်စွဲနဲ့  ထုတ်ပြန်ပါတယ်။

မြန်မာပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အတွက်  ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၀၁၉ ဧပြီ ၃၀ ရက်အထိ တပ်မတော်ဘက်က ၄ လကြာ တဖက်သတ် အပစ်ရပ်ကြေညာထားတဲ့နေ့ ကုန်ဆုံးချိန်မှာ နောက်ထပ် အချိန် ၂ လ ထပ်တိုးလိုက်တာပါ။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်နဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေတွေမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ၂၀၁၉ ဇွန်လ ၃၀ ရက် အထိ   ဆက်လက်ရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့  KIA၊ TNLA နဲ့ MNDAA တို့က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)ကို လက်မှတ်ရေးထိုးနိုင်တဲ့အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်ဆွေးနွေး ဆောင်ရွက်နိုင်ဖို့ အပစ်အခတ်ရပ်စဲရေးကာလကို ထပ်မံတိုးမြှင့်ပေးဖို့  တောင်းဆိုလာခဲ့လို့ ခုလို ရက်ထပ်တိုးလိုက်တာလို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တပ်မတော်က အပစ်အခတ်ရပ်ဆိုင်းထားတဲ့ ပြီးခဲ့တဲ့ ၄ လတာ ကာလအတွင်း  ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ထဲက တိုင်းရင်းသားဒေသတချို့မှာ ပစ်ခတ်တိုက်ခိုက်မှုတချို့ ဖြစ်ပွားခဲ့ပါတယ်။

တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေရပ်ဆိုင်ထားတဲ့ အထဲမှာမပါဝင်တဲ့ ရခိုင်ပြည်နယ်ထဲမှာလည်း ရက္ခိုင့်တပ်မတော် (အေအေ)တပ်ဖွဲ့တွေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013