
“အချစ်လေးစောင့်လို့ ကြိုနေတော့… တို့နောက်ထပ်ဝေးမသွားရဘူး… ရင်ကို ဖွင့် လို့ကြိုနေတော့… ဒီလူဟာပြန်လာခဲ့… ကိုယ်အစဉ်အမြဲ လွမ်းဆွတ်နေတယ်… အရင် တုန်းက ချစ်တဲ့အတိုင်း… မင်းလေး ကြိုနေစေချင်တယ်”
ဒီသီချင်းကို ကြားလိုက်တာနဲ့ ပရိသတ်တွေက အဆိုတော် ဂျီလတ်ရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ ကြိုနေစေချင်တယ် သီချင်းရဲ့ စာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။
လူငယ်ပရိသတ်တွေကြား ရေပန်းစားနာမည်ကြီးတဲ့ ဒီသီချင်းကို ဒီတခါမှာတော့ ဆန်းသစ်တဲ့ ပုံစံတမျိုးနဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
လက်ရှိကျင်းပနေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Battle Round မှာ ဒီသီချင်းကို ဂျူးဂျူးနဲ့ Judson Fish တို့က အပြိုင်ကြဲ အစွမ်းကုန် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ် ပါတယ်။
“ချစ်သူ့ဆီကိုအတောင်ပံ ဖြန့်ကျက်လို့သွားချင်တယ်… ဘယ်ဆီဘယ်ဝယ်မှန်း အ တပ်မသိ… ဒီသီချင်းသံကိုကြားရင်နင်မငိုပါနဲ့… ပြေးထွက်လို့နှလုံးသားဖွင့်ကြိုနေ”
Blind Audition မှာကတည်းက အဆိုစွမ်းပြ သီဆိုခဲ့ကြပြီး နောက်တဆင့် တက် လာခဲ့ကြသူတွေဖြစ်တဲ့ သူတို့ ၂ ယောက်ရဲ့ ပုံစံတမျိုးနဲ့ ဒီသီချင်းကို သီဆိုဟန်ဟာလည်း Coach တွေကိုသာမက ပရိသတ်တွေရဲ့ စိတ်နှလုံးကိုပါ သိမ်းကျုံးရယူသွားနိုင်ခဲ့တာပါ။
“တကယ်ဆိုအချိန်တွေ ကြာရှည်ဝေးမှတို့သိလာ… ရင်မှာမင်းလေးပဲချစ်နေတယ် နောက်ထပ်မရှိနိုင်တော့… ကိုယ်ဟာအစွဲအလန်းကြီးသူပါ… မင်းကိုခွဲလို့မရ… အချိန်ရှိ တိုင်းပဲ ပြန်ဆုံရန်စဉ်းစား”
Judson Fish ဟာ အဆိုတော် အယ်နောင်းရဲ့ မင်းမရှိရင် မဖြစ်လို့ သီချင်းနဲ့ သီဆို ယှဉ်ပြိုင်ခဲ့ပြီး Blind Audition အဆင့်ကို Coach တွေအားလုံးရဲ့ အမှတ်တွေနဲ့ ဖြတ် ကျော်နိုင်ခဲ့သူဖြစ်ပါတယ်။
ဂျူးဂျူးကတော့ မိန်းကလေးအဆိုတော် ဂျူဝယ်လ်ရဲ့ နာမည်ကြီးသီချင်းMessage သီချင်းနဲ့ ထူးထူးခြားခြား သီဆိုပြီး ၂ ယောက်စလုံး Coach ကျားပေါက်ရဲ့ အဖွဲ့ထဲကို ရောက်ရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။
တောင်ကြီးမြို့က လာရောက်ယှဉ်ပြိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ဂျူးဂျူးဟာ တ ချိန်က နာမည်ကြီးအဆိုတော် တာရာရဲ့ ရင်သွေး မျိုးဆက်တဦးလည်း ဖြစ်ပြီး ပထမသီ တင်းပတ်မှာထက် Battle Round မှာတော့ ပိုပြီး အစွမ်းပြသီဆိုနိုင်တာကို တွေ့ကြရမှာ ပါ။
အဆိုတော် တာရာဟာ ထူးအိမ်သင်ရဲ့ အသံနဲ့ ဆင်တူပြီး နာမည်ကြီးသလို တ ခြားနာမည်ကြီးသီချင်းတွေဖြစ်တဲ့ အစဉ်အမြဲ၊ မျက်စိမှိတ်ထားတယ်(ထူးအိမ်သင်နဲ့ စုံတွဲ ဆို)စတဲ့ သီချင်းတွေကို သီဆိုခဲ့သလို ၁၉၉၃ ခုနှစ်က စတင်ပြီး တကိုယ်တော်တေးသီ ချင်းအယ်လ်ဘမ်တွေဖြစ်တဲ့ အလင်းတန်းများ၊ ပုလဲသီတကွဲစီ၊ အချစ်နဲ့သိမ်းပိုက်ခြင်း၊ ချစ်ခြင်းရဲ့မျက်နှာများ စတဲ့ သီချင်းအယ်လ်ဘမ် ၄ ခွေ ထွက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
“အချစ်နဲ့ကိုယ်ပြန်လာချိန်မှာ မမုန်းဖို့တော့သိပ်လိုတယ်… ယုံကြည်ခြင်းများ မျှော် လင့်ခြင်းများတောက်ပနေ… အရင်အတိုင်း ကြည်ဖြူစွာ စောင့်နှင့်လို့ကြိုနေတော့… အ ချိန်ရှိတိုင်းပဲ အတူပြန်ဆုံရန်စဉ်းစား”
The Voice Myanmar မှာ ဂျီလတ်ရဲ့ သီချင်းကို ပုံစံတမျိုးပြောင်းပြီး ဂျူးဂျူးနဲ့ Judson Fish တို့ရဲ့ သီဆိုယှဉ်ပြိုင်မှုဟာ သီချင်းဆုံးတဲ့အထိ Coach တွေကိုရော ပရိ သတ်တွေကိုပါ ဆွဲဆောင်ထားနိုင်ခဲ့တာပါ။
သီချင်းအဆုံးမှာ Coach တွေက မှတ်ချက်တွေ ပေးခဲ့ကြပြီး အဆိုတော် R. ဇာနည် နဲ့ ရန်ရန်ချန်းတို့က ဂျူးဂျူးကို ပိုသဘောကျကြောင်း ပြောခဲ့ကြပြီး နီနီခင်ဇော်ကတော့ Fish ကို ပိုကြိုက်တယ်၊ ဒါပေမယ့် ၂ ယောက်လုံးကို ပြန်မလွှတ်ဘူးလို့ ပြောခဲ့တာပါ။
နောက်ဆုံး သူတို့ရဲ့ Team အတွက် အဆိုတော် ကျားပေါက်က ၂ ယောက်ထဲက တယောက်ကို ရွေးချယ်ချိန်မှာတော့ Judson Fish ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာပဲ ကျန်တဲ့ Coach ၃ ယောက်စလုံးက ဂျူးဂျူးကို Steal လုပ်ခဲ့ကြတာ ဖြစ်ပြီး ဂျူးဂျူးက Coach R.ဇာနည်ကို ပြန်လည်ရွေးချယ်ခဲ့ကာ နောက်တဆင့် တက် ရောက်သွားခဲ့တာ ဖြစ်ပါတယ်။










