DVB Logo
Home
မြန်မာသတင်း
တတိယအကြိမ် မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင်ကျင်းပ (ဓာတ်ပုံ)
DVB
·
April 30, 2019
တတိယအကြိမ် မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင်ကျင်းပ (ဓာတ်ပုံ)
1 / 3
Donate to DVB

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ မီဒီယာက တာဝန်ရှိသူတွေ တက်ရောက်တဲ့ တတိယအကြိမ် မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်မှာ  ဒီကနေ့ ဧပြီ ၃၀ ရက်က ကျင်းပပါတယ်။

မဏ္ဏိုင် ၄ ရပ်တွေ့ဆုံ ညှိနိုင်းဖို့၊ အခက်ခဲတွေကိုအဖြေရှာဖို့ အပေးယူအလျော့ အတင်းရှိနိုင်တယ်လို့  ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။

မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကိုလည်း မနေ့က  နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ပါတယ်။

တွေ့ဆုံပွဲကို မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံစာနယ်ဇင်း သမဂ္ဂ၊ မြန်မာဂျာနယ်လစ်ကွန်ရက်တို့က တာဝန်ရှိသူတွေ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ပြန်ကြားရေး ပြည်ထဲရေးနဲ့၊ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013