အောင်ရဲလင်း၊ သက်မွန်မြင့်တို့ ပါဝင်သည့် ‘မှားတဲ့ဘက်က နေကြည့်ပါ’ ရုပ်ရှင်(နမူနာ)
DVB
·
April 30, 2019

မြန်မာဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ မှားတဲ့ဘက်က နေကြည့်ပါ ရုပ်ရှင်ကို လာမယ့် မေလ ၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ စနိုးဝှိုက်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ကို လွင်(စနိုးဝှိုက်)ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ မောင်မောင်ဦး(စနိုးဝှိုက်)က ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာတော့ အောင်မြင်ချမ်းသာချင်တဲ့ လူငယ်တယောက်က မှားတဲ့ လမ်းကို လျှောက်ခဲ့မိတဲ့အတွက် သူ့ပတ်ဝန်းကျင်က သူနဲ့ ပတ်သက်တဲ့သူတွေ ဒုက္ခ ရောက်ခဲ့ကြရတယ်။ အဲဒီနောက် ချစ်ခြင်းနဲ့ လက်ထပ်ခြင်း တထပ်တည်းမကျခဲ့လို့ ဖြစ် လာရတဲ့ အခြေအနေတွေကြား အိမ်ထောင်ရေး ဒရာမာရုပ်ရှင်ကားတကား အနေနဲ့ ပရိ သတ်တွေက ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ အောင်ရဲလင်း၊ သက်မွန်မြင့်နဲ့ ၀င့်ယမုံနိုင်တို့က ခေါင်းဆောင်ပါ ၀င်ထားကြပြီး တခြားဝါရင့်သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ရဲအောင်၊ မင်း ဦး၊ မေသန်းနုစတဲ့ သရုပ်ဆောင်တွေကလည်း အားဖြည့်ပါဝင်ထားကြတာ ဖြစ်ပါတယ်။
အဆိုတော် ကောင်းကောင်း သီဆိုထားတဲ့ ဒီရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးဟာ လည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။