DVB Logo
Home
မြန်မာသတင်း
တောင်​ကြီးမြို့ ​လေး​လောင်းပြိုင်​လူသတ်​မှု ဈာပနကျင်းပ
DVB
·
April 30, 2019
တောင်​ကြီးမြို့ ​လေး​လောင်းပြိုင်​လူသတ်​မှု ဈာပနကျင်းပ
1 / 6
Donate to DVB

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊  မြင်းဖြူနှစ်ကောင်ဆေးတိုက်မှာ အသတ်ခံရပြီး သေဆုံးသွားသူ ၄ ဦးရဲ့ ဈာပနကို ဒီကနေ့  ဧပြီလ ၃၀ ရက်​​မွန်းလွဲပိုင်းမှာ ကျင်းပဖို့ရှိပြီး စဝ်​စံထွန်း ​ဆေးရုံကနေ တိုင်းရင်းသား​ပေါင်းစုံက သုသာန်​သို့ ပို့ဆောင် ​သင်္ဂြိုလ်​သွားမှာဖြစ်​ပါတယ်​။

တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် (၁၁၈)ရှိ   မြင်းဖြူနှစ်ကောင် ဆေးတိုက် နေအိမ်မှာ ဧပြီ ၂၈ ရက်က လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ရာမှာ စိုင်းဆေမွန်း ၂၇ နှစ်​၊ နန်းခမ်းလှိုင် ၂၄ နှစ်​ ၊ သားဖြစ်သူ  ၇ လသားအရွယ်​ စိုင်းဖဖနဲ့ အလုပ်​သမ မအေးမိုး ၁၇နှစ်တို့ သေဆုံးခဲ့တာပါ​။

အခင်းဖြစ်ပွားတဲ့နေ့က အဲဒီအိမ်​မှာ​မွေးထားတဲ့ အယ်လ်ဇေးရှင်း​ခွေးကြီး တကောင်ရှိပေမယ့်  ​ခွေး​ဟောင်​ခြင်းမရှိဘဲ မနက်​အလုပ်​သမားတွေ အလုပ်​လာ​ရောက်​တဲ့ အချိန်​မှ တအိမ်​သားလုံး အသတ်​ခံထားရတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်​။

ဒီလူသတ်မှုမှာ ရွှေ​ငွေ လက်​ဝတ်​ရတနာ တန်ဖိုး ကျပ်သိန်း ၁၅၀၀ ​ကျော်​ဖိုးကို လူသတ်သမားက ယူဆောင်သွားတယ်လို့ ​တောင်​ကြီး ခရိုင်​ ရဲတပ်​ဖွဲ့မှူး ဒုရဲမှူးကြီး ခင်​​မောင်​ဦးက ပြောပါတယ်။

“အဲဒီ​နေ့စစ်​​ဆေးပြီး​တော့ ​ငွေသား သိန်း ၄၀၊ ​ရွှေလက်​​ကောက်​​တွေဆွဲကြိုး​တွေ ပုရစ်​​တွေ​ပေါ့၊ ​ငွေဒင်္ဂါးပြားလည်း ၃၀၀၊ ​ရွှေ​ချောင်း ၆ ​ချောင်း၊ အဲ့ဒါ ​တွေတွက်​ချက်​လိုက်​​တော့ သိန်း ၁၅၅၇ ကျပ်​ အဲလိုပါသွားတယ်​၊ ​လော​လော ဆယ်​တော့ စစ်​​ဆေးဆဲပဲ၊ မသင်္ကာ ရှိရင်​အ​ကြောင်းကြား​ပေးဖို့လည်း​ပြောချင်​ပါတယ်​”လို့ ပြောပါတယ်​။

အဲ့ဒီ ​လေး​လောင်းပြိုင်​လူသတ်​မှုနဲ့ပတ်သက်ပြီး အသတ်​ခံရသူရဲ့ မိခင်​ ​ဒေါ်​နန်းခမ်း​ရွှေက တရားလိုပြုလုပ်​ပြီး ရာဇသတ်​ကြီး ဥပ​ဒေ ပုဒ်​မ ၃၀၂၊ ၃၉၄ နဲ့ တောင်ကြီး ရဲစခန်းမှာ အမှုဖွင့်​ထားပါတယ်​။

၂၀၁၈ ခုနှစ်၊ ဩဂုတ် ၂၀ ရက်ကလည်း တောင်ကြီးဆေးတက္ကသိုလ် အနောက်ဘက်ရှိ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဆွယ် လိုင်းခန်းမှာ ​လေး​လောင်းပြိုင်​လူသတ်​မှု ဖြစ်​ပွားခဲ့​ ပေမယ့် တရားခံကို ခုချိန်ထိ ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးပါဘူး။

သတင်း- ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013