DVB Logo
Home
မြန်မာသတင်း
တပ်မတော်က တရားစွဲထားသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ရုံးထုတ်စစ်ဆေး
DVB
·
April 30, 2019
တပ်မတော်က တရားစွဲထားသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ရုံးထုတ်စစ်ဆေး
1 / 4
Donate to DVB

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)/(ခ)နဲ့ တပ်မတော်က တရားစွဲထားတဲ့ တက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဒီနေ့မနက်က တိုက်ကြီးမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ်ရုံးထုတ် စစ်ဆေးပါတယ်။

တရားရုံးကို လှိုင်သာယာ၊ မှော်ဘီ၊ တိုက်ကြီး၊ အဖျောက်မြို့နဲ့ ဥက္ကံမြို့တွေက နိုင်ငံရေး တက်ကြွလုပ်ရှားသူ အင်အား ၈၀ လောက်က လာရောက်ပြီး  “ပြည်သူသာအမိ/ပြည်သူသာအဖ၊ ဒီမိုကရေစီစနစ်မှာ ပြည်သူတို့သည် အုပ်ချုပ်ခံဖြစ်သလို အုပ်ချုပ်ရန်လည်းဖြစ်သည်"ဆိုတဲ့ စာတမ်းပါ ဝတ်စုံတွေနဲ့ လာရောက်ဝန်းရံ ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က အဖျောက်မြို့မှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ စာရေးဆရာထင်လင်းဦး၊ ဦးနေမျိုးဇင်နဲ့ ကိုနေရဲ (ခ) ကိုနန္နအောင်တို့က  ပြည်သူတွေကို ဟောပြောခဲ့ပါတယ်။

ဦးနေမျိုးဇင်က တပ်မတော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဟောပြောခဲ့တာကြောင့် တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းက ဒုဗိုလ်မှူးကြီးတိုးလွင်က တရားလိုလုပ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)/(ခ)  နဲ့ အမှုဖွင့် တရားစွဲခဲ့ပါတယ်။

ဦးနေမျိုးဇင်ကို တိုက်ကြီးမြို့နယ်တရားရုံးမှာ ဧပြီ ၁၉ ရက်က ပထမဆုံးအကြိမ်  ရုံးထုတ်ခဲ့ပြီး ဒီကနေ့ ဧပြီ ၃၀ရက်မှာ ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးတာဖြစ်ပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဟာ အာမခံရနိုင်တဲ့ ပုဒ်မဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

တပ်မတော်ဟာ နိုင်ငံတော် မဟုတ်တဲ့အတွက်  နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲတာဟာ ဥပဒေနဲ့ မညီဘူးလို့  ရှေ့နေတချို့ကတော့ ဝေဖန်ထောက်ပြကြပါတယ်။

သတင်း- ဓါတ်ပုံ မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013