DVB Logo
Home
မြန်မာသတင်း
ရေနှစ်ညှဉ်းပန်းခံရသည့် ကလေးငယ်ကို မိဘထံ ပြန်မအပ်သေးဘဲ အစိုးရက စောင့်ရှောက်ထား
DVB
·
April 29, 2019
ရေနှစ်ညှဉ်းပန်းခံရသည့် ကလေးငယ်ကို မိဘထံ ပြန်မအပ်သေးဘဲ အစိုးရက စောင့်ရှောက်ထား
Donate to DVB

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ ရေနှစ်ညှဉ်းပန်းခံရတဲ့ အသက် ၁ နှစ် ၉ လအရွယ် ကလေးငယ်ကို မိဘဆွေမျိုးတွေထံ ပြန်အပ်သင့်မသင့် အခြေအနေပေါ် မူတည်ဆုံးဖြတ်မယ်လို့  ရန်ကုန်တိုင်း လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်က ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ ကလေးငယ်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်က ရွှေဂုံတိုင်ကလေးပြုစုစောင့်ရှောက်ရေးဌာနမှာ စောင့်ရှောက်ထားပါတယ်။

တရားစွဲဆိုတဲ့ အပိုင်းကိုတော့ တရားစွဲ အဖွဲ့အစည်းတွေက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး လူကယ်ပြန်အနေနဲ့ တရားစွဲဖို့ မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်က ကလေးငယ်တဦးကို အမျိုးသမီးနှစ်ဦးက ရေနှစ်နေတဲ့ရုပ်သံကို အိမ်နီးချင်းတဦးက လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့တာပါ။

ဒီအမျိုးသမီးနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၂၉၄ ညစ်ညမ်းစွာ ပြောဆိုမှု၊ ၁၄၄ အားပေးကူညီမှု၊ ၂၃၂ နာကျင်စေမှုတို့နဲ့ ရဲစခန်းမှာ  အမှုဖွင့်ထားပါတယ်။

စွန့်ပစ်ကလေးငယ်စောင့်ရှောက်ရေးလုပ်ဆောင်သူ ကိုဖိုးဇော်ကတော့ ဒီပုဒ်မတွေနဲ့ တရားစွဲတာဟာ ပျော့လွန်းပြီး သေကြောင်းကြံစည်မှုနဲ့လည်း တရားစွဲသင့်တယ်လို့ ပြောပါတယ်။

ရန်နိုင်ဇော်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013