DVB Logo
Home
မြန်မာသတင်း
အမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီ ၆ ခုကိစ္စ ရခိုင်လွှတ်တော်တွင် မေးခွန်းထုတ်
DVB
·
April 29, 2019
အမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီ ၆ ခုကိစ္စ ရခိုင်လွှတ်တော်တွင် မေးခွန်းထုတ်
Donate to DVB

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီမှာ သက်သေထွက်ဆိုခဲ့တဲ့ ကုမ္ပဏီ ၆ ခုကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အမည်ပျက်စာရင်း တင်သွင်းဆုံးဖြတ်ခဲ့တဲ့အပေါ် ရခိုင်လွှတ်တော်မှာ လွှတ်တော်အမတ်တဦးက မေးမြန်းခဲ့ပါတယ်။

အဂတိတိုက်ဖျက်ရေးကော်မရှင်ကို မမှန်မကန်တိုင်းကြားတယ်လို့ အကြောင်းပြချက်နဲ့ မြောက်ဦးမြို့နယ်က ကုမ္ပဏီ ၆ ခုကို ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အမည်ပျက်စာရင်းသွင်းခဲ့တာပါ။

၂၀၁၈ ခုနှစ် ဇူလိုင် ၂၈ ရက်က စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းကို မြောက်ဦးဒေသခံက ကုမ္ပဏီ ၆ ခုက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဆီမှာ တိုင်ကြားခဲ့ပါတယ်။

ကုမ္ပဏီ ၆ ခုကို အခုလိုအမည်ပျက်စာရင်းသွင်းတာဟာ ဥပဒေညီမညီဆိုတာကို ဒီကနေ့ ကျင်းပတဲ့  ရခိုင်ပြည်နယ် လွှတ်တော်မှာ မြောက်ဦး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အမည်ပျက်စာရင်းသွင်းခံရတဲ့  ကုမ္ပဏီတွေဟာ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတာ လုပ်ငန်းတွေကို အချိန်မီ ပြီးစီးအောင်မဆောင်ရွက်နိုင်တာကြောင့် အရေးယူ ဆောင်ရွက်ခဲ့တာလို့   ရခိုင်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းက ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဒါပေမယ့် ဝန်ကြီး ဦးကျော်အေးသိန်းရဲ့ ဖြေကြားချက်တွေဟာ ခိုင်လုံတဲ့ သက်သေ အထောက်တွေနဲ့ မပြည်စုံတာကြောင့် အမည်ပျက် စာရင်းတင်သွင်းခံရတဲ့ကုမ္ပဏီတွေကို ဘယ်လိုဥပဒေနဲ့ အရေးယူတယ်ဆိုတာ တိတိကျကျဖြေဖို့လိုတယ်လို့  ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။

တိုင်ကြားခံရပြီးနောက်မှာတော့ နာမည်ပျက်စာရင်းသွင်းခံထားရတဲ့ ရွေနန်းမြေကုမ္ပဏီ၊ အဉ္စနအားမာန်ကုမ္ပဏီ၊ ဝတီရွှေမြေကုမ္ပဏီ၊ ဘဝသစ်အောင်ခိုင်ဦးကုမ္ပဏီ၊ သီဟရာဇာထွန်းကုမ္ပဏီနဲ့ ကျော်လွင်သဇင်ကုမ္ပဏီတို့ကို အဂတိ တိုက်ဖျက်ရေးကော်မရှင်က   ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တုန်းကလည်း  ဝန်ကြီး ဦးကျော်အေးသိန်းကို ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်ရဲ့ ရန်ပုံငွေတွေကို ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မဆောင်ရွက်လို့ တာဝန်ကရပ်စဲဖို့ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013