DVB Logo
Home
မြန်မာသတင်း
နာဂလက်နက်ကိုင် ၅ ဦးကို တတိယအကြိမ် ရုံးထုတ်၊ တရားလိုသက်သေ နှစ်ဦးကို စစ်ဆေး
DVB
·
April 29, 2019
နာဂလက်နက်ကိုင် ၅ ဦးကို တတိယအကြိမ် ရုံးထုတ်၊ တရားလိုသက်သေ နှစ်ဦးကို စစ်ဆေး
1 / 4
Donate to DVB

 

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်တရာရုံးမှာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ၁၇(၁)နဲ့ အမှုဖွင့်ခံထားရတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) တပ်ဖွဲ့ဝင် ၅ ဦးကို ဧပြီ ၂၉ ရက်က တတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

တရားလိုသက်သေအဖြစ် ပေါ်မိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်မင်းနဲ့ ရာအိမ်မှူး ဦးဝင်းပိုင် တို့ကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။

နာဂတပ်ဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် အမှုတွဲကို ရဲရာရှိဆီ အပ်တဲ့နေရာမှာ သက်သေအနေနဲ့ လက်မှတ်ထိုးခဲ့တယ်ဆိုတာ ဟုတ်မှန်ကြောင်း ထွက်ဆိုခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး ဦးစိန်မင်းက ပြောပါတယ်။

မတ် ၉ ရက်ကတည်းက ခန္တီးအခြေစိုက် ခလရ (၅၂) တပ် နယ်ရိပ်သာမှာ NSCN-K ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးဖြစ်တဲ့ ဦးအန်ကန့်၊ ဦးကျော်ဝမ်းစိန်၊ ဦးအန်းမိုင်၊ ဦးစောထင်၊ ဦးအောင်ဆိုင်းတို့ကို ခေါ်ဆောင်ထိန်းသိမ်းထားခံခဲ့ရတာပါ။

ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်ကို ဦးအောင်ဆိုင်းက “ကျနော်တို့ ဌာနချုပ်တံခါးမှာ အဲဒီအချိန် ခန္တီးမြို့စစ်ဗျုဟာမှူးရှိတယ်။ ကျန်နော်တို့ ခန္တီးကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွားမယ်၊ စစ်ဗျူဟာမှုးခွင့်ပြုလို့ ခန္တီးလာခဲ့တာပါ။ ကျနော်တို့ဆွေနွေးပွဲလုပ်တာ ခန္တီးမြို့ ဇီဖြူကုန်းရပ်ကွက် နာဂရိုးရာကွင်းထဲမှာ လုပ်နေတုန်း တပ်ထဲကို ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်၊ လေယာဉ်ကွင်းနားရောက်တော့ ဖုန်းတွေ အကုန်သိမ်းသွားတယ်” လို့  ပြောပါတယ်။

အဲ့ဒီ ၅ ဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ခန္တီးရဲစခန်းမှာ မတ် ၂၆ ရက်နေ့မှာ ခန္တီးမြို့ စစ်ဗျုဟာရုံး ဗိုလ်မှူးကြီး ဇာနည်အောင်က တရားလိုပြုလုပ်ပြီး အမှုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

နောက်တကြိမ် ရုံးချိန်းကိုတော့ မေ ၆ ရက်နေ့ ချိန်းဆိုထားပါတယ်။

သတင်းနှင့်ဓာတ်ပုံ - အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013