DVB Logo
Home
သတင်းတို
လိုင်စင်ဘောင်ကျော်ပြီး ဖော်ပြသည့်ဂျာနယ်များကို အရေးမယူတော့ဟုဆို
DVB
·
October 30, 2012
လိုင်စင်ဘောင်ကျော်ပြီး ဖော်ပြသည့်ဂျာနယ်များကို အရေးမယူတော့ဟုဆို
1 / 2
Donate to DVB

ပညာရေး၊ စီးပွားရေးနဲ့ ကျန်းမာရေး စတဲ့ ထုတ်ဝေခွင့်လိုင်စင် စည်းကမ်း သတ်မှတ်ချက် ဘောင်ထက်ကျော်ပြီး ရေးသားဖော်ပြနေကြတဲ့ ဂျာနယ် မဂ္ဂဇင်းတွေကို အရင် စာပေစိစစ်ရေး လက်ထက်တုန်းကလို ခေါ်ယူသတိပေးတာ၊ အရေးယူတာမျိုး လုပ်တော့မှာ မဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်က ဒီဗွီဘီ ကို ပြောပါတယ်။

စာပေစိစစ်ဌာန မဖျက်သိမ်းခင် အချိန်ကထိ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စာပေနဲ့အနုပညာ စတဲ့ သီးသန့်ထုတ်ဝေခွင့် လိုင်စင်နဲ့ ထုတ်ဝေတဲ့ ဂျာနယ်မဂ္ဂဇင်းတွေဟာ လိုင်စင်ပါ အမျိုးအစား အကြောင်းအရာကိုသာ ဖော်ပြရမှာဖြစ်ပြီး အခြား နိုင်ငံရေး အပါအ၀င် သတင်းစုံဖော်ပြမှုတွေကို တားမြစ်ထားပါတယ်။

ကန့်သတ်တားမြစ်ချက်ကို ဖောက်ဖျက်ရင် ခေါ်ယူ သတိပေးတာ ယာယီထုတ်ဝေခွင့် ပိတ်ပင်တာမျိုးအထိ အရေးယူ အပြစ်ပေးလေ့ ရှိပါတယ်။

အခုနောက်ပိုင်း သီးသန့်ထုတ်ဝေခွင့် လိုင်စင်နဲ့ ထုတ်ဝေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေဟာ အကြောင်းအရာမျိုးစုံ “သတင်းစုံ” ပုံစံ ဖော်ပြလာကြပြီး ပြန်ကြားရေးဝန်ကြီးဌာနကလည်း တားမြစ်တာ မရှိတော့ဘူးလို့ သိရပါတယ်။

ဒါပေမယ့် ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေ အသက်ဝင်နေဆဲ ဖြစ်တဲ့အတွက် ထုတ်ဝေသူတွေဟာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုတယ်လို့ သူထင်မြင်ကြောင်း ဦးမျိုးမြင့်မောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013