DVB Logo
Home
မြန်မာသတင်း
ပခုက္ကူအရှေ့ဘက် အေးကျွန်းပေါ်၌ ဆိပ်ကမ်းသစ်ဆောက်မည်
DVB
·
April 29, 2019
ပခုက္ကူအရှေ့ဘက် အေးကျွန်းပေါ်၌ ဆိပ်ကမ်းသစ်ဆောက်မည်
Donate to DVB

ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၅ သန်းလောက်ရှိမယ့်  နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းသစ်တခုကို ပခုက္ကူမြို့အနီး အေးကျွန်းပေါ်မှာ တည်ဆောက်သွားမယ်လို့  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

ပခုက္ကူမြို့မှာ နိုင်ငံတကာအဆင့်မီ ခေတ်မီဆိပ်ကမ်း တခုဆောက်ဖို့ ပဏာမ လေ့လာဆန်းစစ်ချက်၊ ပဏာမ လျာထားနေရာ ရွေးချယ်တာနဲ့ ပဏာမ ဒီဇိုင်းရေးဆွဲ တာတွေကို ၂၀၁၇ ခုနှစ်က ဆောင်ရွက်ခဲ့တယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။

ဧပြီ ၂၉ ရက်က ပြန်လည်စတင်ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းဝေးမှာ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၉ က လွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေရဲ့ ပခုက္ကူဆိပ်ကမ်းကို ခေတ်မီဆိပ်ကမ်းဖြစ်အောင် အဆင့်မြှင့်ပြုပြင်ပေးဖို့ အစီစဉ်ရှိ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ရှိသူက လာရောက်ဖြေကြားခဲ့တာပါ။

ဒုတိယဝန်ကြီး ဦးကျော်မျိုးက "ပခုက္ကူဆိပ်ကမ်းကို နိုင်ငံတကာအဆင့်မီ အကောင်ထည်ဖော် တည်ဆောက်နိုင်ရေးအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၅ သန်းခန့် ရှိမယ်လို့ ခန့်မှန်းထားတာကြောင့် သမ္မတရုံးရဲ့ စီမံကိန်းဘဏ်ဆိုင်ရာ ညွှန်ကြားချက်နဲ့အညီ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီရရှိရေး သို့မဟုတ် PPP စနစ်နဲ့ ပြည်တွင်းပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရေးအတွက် ဆိပ်ကမ်းသစ်စီမံကိန်းကို စီမံကိန်းဘဏ်မှာ ထည့်သွင်းနိုင်ရေး အဆိုပြုချက် တင်ပြထားပြီးဖြစ်တယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်ပြီး အတည်ပြုချက်ရရှိရင် လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ရေလမ်းကြောင်းကောင်းပြီး ဆိပ်ကမ်းနေရာကို ထပ်မံပြောင်းရွှေ့ဖို့ မလိုတဲ့ ပခုက္ကူမြို့ အရှေ့ဘက် အေးကျွန်းပေါ်မှာ ဆိပ်ကမ်းသစ် တည်ဆောက်သွားဖို့ ရွေးချယ်သတ်မှတ်ထားပြီး ပဏာမ ဒီဇိုင်းအရ အလျား မီတာ ၁၈၀ ရှိတဲ့ ကွန်ကရစ် ဆိပ်ခံတံတားနဲ့ Pontoon Type ဆိပ်ခံအဖြစ် တည်ဆောက်ဖို့ လျာထားတယ်လို့ သိရပါတယ်။

နေဖြိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013