DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူ ထွေအုပ်ရုံးတွင် တွေ့ရှိသည့်မိုင်း အေအေလက်ချက်မဟုတ်ဟု ငြင်းဆို
DVB
·
April 29, 2019
ကျောက်ဖြူ ထွေအုပ်ရုံးတွင် တွေ့ရှိသည့်မိုင်း အေအေလက်ချက်မဟုတ်ဟု ငြင်းဆို
Donate to DVB

ကျောက်ဖြူမြို့ ထွေအုပ်ရုံးအတွင်း တွေ့ရှိတဲ့မိုင်းဟာ အေအေအဖွဲ့က ထောင်ထားတဲ့ မိုင်းမဟုတ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ခြံဝင်းအတွင်း မသင်္ကာဖွယ်ရာ ပစ္စည်းတခု တွေ့ရှိရကြောင်း သတင်းအရ လုံခြံရေးတပ်ဖွဲ့ဝင်တွေက ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက သွားရောက်စစ်ဆေးခဲ့ရာ အေအေအဖွဲ့ထောင်ထားတဲ့ အဝေးထိန်း ဒေသန္တရ လက်လုပ်မိုင်းတလုံး တွေ့ရှိခဲ့တယ်လို့ တပ်မတော်က ဧပြီ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

အေအေအဖွဲ့ ပြောခွင့်ရ ခိုင်သုခက “ဒီဟာကတော့ မြန်မာ့စစ်တပ်က သူတို့ထောင်ပြီးတော့ လုပ်တာဖြစ်မှာပါ၊ ကျနော်တို့ကတော့ အဲဒီကိုသွားပြီး ထောင်စရာအကြောင်း မရှိဘူး။ ဖြစ်နိုင်ခြေရှိတာကတော့ သူတို့ဟာသူတို့ လုပ်ကြံပြီးတော့ ကျနော်တို့ အေအေက ထောင်ပါတယ်ဆိုပြီးတော့ ပြည်သူလူထုနဲ့ နိုင်ငံတကာ အထင်အမြင်လွဲမှားအောင် လုပ်ကြံတာဖြစ်တယ်” လို့ ပြောပါတယ်။

ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေပိုင်းကလည်း ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး သန့်ရှင်းရေးဆောင်ရွက်နေတဲ့ ထွေအုပ်ဝန်ထမ်း ၇ ဦးနဲ့ မီးသတ်ဌာနက ဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။

သတင်း - နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013