DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်​မြို့နယ်တွင် င​မြှောင်​​တောင်​ပိုးကျ၍ ပြောင်းခင်းများ ပျက်စီး
DVB
·
April 29, 2019
ဆီဆိုင်​မြို့နယ်တွင် င​မြှောင်​​တောင်​ပိုးကျ၍ ပြောင်းခင်းများ ပျက်စီး
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်​မြို့နယ်​၊ ​နောင်​အယ်​​ကျေးရွာမှာ ​ပြောင်းစိုက်​ခင်း ဧက ၁၀၀ ​ကျော်​ င​မြှောင်​​တောင်​ပိုးကျဖျက်​ဆီးတာကြောင့် ပြောင်းခင်းတွေ ပျက်စီးမှုနဲ့ ကြုံ​နေရတယ်​လို့ ​တောင်သူတွေက ပြောပါတယ်။

သင်္ကြန်​တွင်းမှာ စတင်​ပိုးကျပြီး ခုချိန်​ထိ မနှိမ်​နင်းနိုင်​​သေးဘဲ ​တောင်​သူ​တွေ အခက်​ခဲကြုံ​တွေ့​နေရတာပါ။

နောင်​အယ်​ရွာ​ပြောင်းစိုက်​​တောင်​သူ ခွန်​​မောင်​ဦးက “ကျနော်တို့​ဆေးဖြန်းတာ နည်းနည်း သက်​သာတာပဲရှိတယ်​။ ​ဆေးမဖြန်းနိုင်​တဲ့ အနီးနားခြံကတဆင့် ပြန်​ကူးလာတယ်​။ ပွားနှုန်းလည်း အရမ်းမြန်​တယ်​။ ဒီလိုဆက်​သွားရင်​ အရင်းပါပြုတ်​သွားနိုင်​တယ်​။ ကြုံလည်းမကြုံဖူး​တော့ အခက်​​တွေ့တာ​ပေါ့” လို့ ပြောပါတယ်​။

လက်​ရှိ ပိုးကျ​နေတဲ့ အ​ခြေအ​နေကို ဆီဆိုင်​မြို့နယ်​ သက်​ဆိုင်​ရာ တာဝန်​ရှိ​တွေက ကွင်းဆင်းစစ်​​ဆေးခဲ့ကာ ကာကွယ်​ရမယ့် နည်းလမ်းနဲ့ ဖြန်း​ဆေးတချို့​ ပေးအပ်​ခဲ့တယ်​လို့ သိရပါတယ်​။

နောင်​​ကျောအုပ်​ချု​ပ်ရေးမှူး ခွန်​​ကျော်​နိုင်​က “အခုပိုးကျချိန်​ဖြစ်​တဲ့အတွက်​ သူတို့​ ဆေးဖြန်းနိုင်​ရင်​ပိုးကို နှိမ်​နင်းနိုင်​မယ့်​အ​နေအထားရှိတယ်​။ တချို့ခြံ​တွေက ​ပြောင်းလည်း မ​ကောင်း​တော့ ​ဆေးမဖြန်းနိုင်​ဘူး​လေ” လို့ ပြောပါတယ်​။

ပြောင်းစိုက်​​တောင်​သူတချို့ကတော့ ​ဆေးဖြန်းဖို့ မတတ်​နိုင်​တဲ့အတွက်​ ပိုးကျ​ပေမယ့် ဆေးမဖြန်းဘဲ ဒီအတိုင်းထားသူ​တွေလည်း ရှိပါတယ်​။

နောင်​​ကျော​ကျေးရွာအုပ်​စုအတွင်း ​နောင်​အယ်​၊ ထီဖူး၊ ပုံ​လောင်း​ကျေးရွာအကြား ​ရေခြံမှာ စိုက်​ပျိုးတဲ့​ပြောင်း ဧက ၁၄၀ ​ကျော်​ရှိပြီး ခြံတိုင်းလိုလိုမှာ ပိုးကျ​နေ​တယ်လို့ သိရပါတယ်​။

အပင်​တိုင်​​ပေါ်မှာ ပိုး​ကောင်​​တွေ ခို​အောင်းပြီး ​ပြောင်းပင်​ကို ဖျက်​ဆီးစား​သောက်​ကြတာကြောင့် ​ပြောင်းဖူးပင်​​တွေ အကုန်​ပျက်​စီးကုန်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အလားတူ င​မြှောင်​​တောင်​ပိုးကျ​ရောက်​ဖူးပြီး ဒီပိုးဟာ နှိမ်​နင်းရအခက်​ဆုံးပိုး​ ဖြစ်တယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။

သတင်း- ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013