DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ မန္တလေးတွင် ကျင်းပ
DVB
·
April 28, 2019
ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ မန္တလေးတွင် ကျင်းပ
1 / 7
Donate to DVB

၂၀၁၉ ခုနှစ်အတွက် ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို ဒီနေ့ မန္တလေးမှာ ကျင်းပနေပါတယ်။

ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (MDCD) က ရရှိခဲ့တာပါ။

ပြည်သူ့ဂုဏ်ရည် (အထူးဆု) ဆုရှင်တွေအဖြစ် ကချင်တိုင်းရင်းသူ မဆွတ်ဆိုင်းထွယ်၊ ဒုရဲမှူးဟောင်း မိုးရန်နိုင်၊ ဆရာမ ဒေါ်အိအိညိမ်းနဲ့ Clean Yangon Campaign တို့က အသီးသီးရရှိခဲ့ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းကို အမေရိကန်ပြည်ထောင်စုမှာရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာမှာ ရောက်နေကြတဲ့ တခြား မြန်မာပြည်ဖွား တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး မြန်မာပြည်မှာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူ တွေကို နှစ်စဉ်ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်နေတာပါ။

ပြည်သူ့ဂုဏ်ရည်ဆုကို ၂ဝ၁ဝ ခုနှစ်ကစလို့ ရွေးချယ်လာခဲ့တာဖြစ်ပြီး ဒီနှစ်ပါနဲ့ဆိုရင် ၁၀ ကြိမ်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013