DVB Logo
Home
မြန်မာသတင်း
သစ်ပင်မခုတ်ရန်နှင့် လောင်စာအဖြစ်အသုံးမပြုရန် လှုပ်ရှားမှု စစ်တွေတွင် ပြုလုပ်
DVB
·
April 28, 2019
သစ်ပင်မခုတ်ရန်နှင့် လောင်စာအဖြစ်အသုံးမပြုရန် လှုပ်ရှားမှု စစ်တွေတွင် ပြုလုပ်
1 / 6
Donate to DVB

သစ်ပင်တွေကိုမခုတ်လဲဖို့နဲ့ လောင်စာအဖြစ် အသုံးပြုတာတွေမလုပ်ဖို့ ကမ်ပိန်းလှုပ်ရှားမှု ကို ရခိုင်ပြည်နယ်စစ်တွေမြို့မှာ ဒီကနေ့ မနက်ပိုင်း ပြုလုပ်ခဲ့ပါတယ်။

ဒီလိုစတေကာကပ် ကမ်းပိန်လှုပ်ရှားမှုကို စစ်တွေမြို့လူမှုအဖွဲ့အစည်းတွေနဲ့ စိတ်ပါဝင်စားတဲ့ လူငယ်တွေက ပထမဦးဆုံးအကြိမ် ပူးပေါင်း ပြုလုပ်ခဲ့တာပါ။

အဲ့ဒီကမ်းပိန်ကို စစ်တွေမြို့ မင်းဗာကြီးလမ်းကနေ မေယုလမ်းမကီးအတိုင်း ပြည်နယ်ပညာရေးမှူးရုံးအထိ သစ်ပင်တွေမှာ စတေကာတွေ လိုက်လံကပ်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း မြို့ ၁၆ မြို့မှာ လျှစ်မီးရရှိနေပေမယ့် မြို့နယ်အတွင်းက ကျေးလက်ဒေသတွေမှာ လက်ရှိအချိန်အထိ လျှပ်စစ်မီးမရရှိတာကြောင့် လောင်စာအဖြစ် ထင်းတွေခုတ်ပြီး အသုံးပြုနေရပါတယ်။

ရခိုင်ဒေသမှာတော့ အရင်နှစ်တွေကထက် ပူပြင်းတဲ့ရာသီဥတုကို ခံစားလာရတယ်လို့ ကန်းပိန်လှုပ်ရှားသူတွေက ပြောပါတယ်။

စစ်တွေမြို့ လမ်းဘေးတလျှောက်ရှိနေတဲ့ သစ်ပင်တွေကို လောင်စာအဖြစ် ခုတ်လဲ နေသူတွေရှိသလို ထင်းအဖြစ် ရောင်းချနေတာတွေ ရှိလာတာကြောင့် အခုလို ကန်ပိန်လှုပ်ရှားတွေ လုပ်လာရတာလို့ ကန်ပိန်းလှုပ်ရှားသူတွေက ဆိုပါတယ်။

ဒီလိုစတေကာ ကမ်းပိန်လှုပ်ရှားမှုကို တပတ်မှာ တခါလောက် အနည်းဆုံး ပြုလုပ်သွား မှာဖြစ်ပြီး ပြည်နယ်အစိုးရတို့ သစ်တောဌာနတို့နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ သစ်တောပြုန်တီးမှုဟာ အရင်ကထက်ပိုများလာတယ်လို့ ရခိုင်ကမ်းရိုးတမ်းဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ကြည်ကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဒီရေတောဧရိယာ ဧက ၄ သိန်းကျော်လောက်ရှိပြီး အဲဒီထဲမှာ တဝက်လောက်က ပျက်စီးသွားပြီလို့ ဒီရေတာစောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013